ဘားအံ - နိုဝင်ဘာ (၂၆)
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့အာမခံလုပ်ငန်းမှဆောင်ရွက်နေသည့် ရာသီဥတုအညွှန်းကိန်းသီးနှံ အာမခံလုပ်ငန်း၏ ရေကြီးနစ်မြုပ်ပျက်စီးခြင်းအတွက် တောင်သူများအားလျော်ကြေးငွေပေးအပ်သည့်အခမ်းအနားကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ဘားအံခရိုင်နှင့်လှိုင်းဘွဲမြို့နယ်များ မှ တောင်သူများအား စုစုပေါင်းသီးနှံလျော်ကြေး ငွေကျပ် ၁၂၉ ဒဿမ ၃၆၀ သန်းကို ပေးအပ်ခဲ့ကြောင်း မြန်မာ့အာမခံ လုပ်ငန်းမှ သိရသည်။
လျော်ကြေးငွေပေးအပ်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တောင်သူများ၏ စိုက်ပျိုးသီးနှံများ၌ ကြုံတွေ့နိုင်သော သဘာဝဘေးအန္တရာယ်များကို အာမခံစနစ်ဖြင့် ကာကွယ်ထောက်ပံ့ပေးနိုင်ရေးဆောင်ရွက်ရာတွင် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များ၊ဌာနဆိုင်ရာများနှင့်တောင်သူများ လက်တွေ့ကျကျပူးပေါင်းပါဝင်ဆောင်ရွက်မှသာ သီးနှံအာမခံစနစ်အောင်မြင်စွာဆောင်ရွက်နိုင်မည်ဖြစ်သည့်အတွက် အားလုံးကူညီဆောင်ရွက်ပေးကြစေလိုပြီး နိုင်ငံ တော်အကြီးအကဲ၏လမ်းညွှန်ချက်နှင့်အညီ သီးနှံအာမခံလုပ်ငန်းကို စဉ်ဆက်မပြတ်ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် တောင်သူများအနေဖြင့် သီးနှံအာမခံကို နောင်နှစ်များတွင်လည်း မဖြစ်မနေဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ပြည်နယ်မန်နေဂျာနှင့်မြန်မာ့အာမခံလုပ်ငန်းပြည်နယ်မန်နေဂျာတို့က မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တွင် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေထုတ်ယူပြီး မြန်မာ့အာမခံလုပ်ငန်းတွင် သီးနှံအာမခံထား ရှိခဲ့ကြသည့် ဘားအံမြို့နယ်မှ တောင်သူ ၇၁၄ ဦး၊ စိုက်ဧက ၃၆၈၂ ဧကအတွက် လျော်ကြေးငွေ ၁၂၀ ဒဿမ ၂၁၀ သန်း၊ လှိုင်းဘွဲမြို့နယ်မှ တောင်သူ ၃၄ ဦး၊ စိုက်ဧက ၂၀၉ ဧကအတွက် လျော်ကြေးငွေ ၉ ဒဿမ ၁၅ သန်း စုစုပေါင်း ရာသီဥ တုအညွှန်းကိန်းသီးနှံအာမခံလျော်ကြေးငွေကျပ် ၁၂၉ ဒဿမ ၃၆၀ သန်းကို တောင်သူများထံပေးအပ်ခဲ့ကြ သည်။
ယင်းနောက် တောင်သူများကိုယ်စား တောင်သူကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြော ကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက တက်ရောက်လာသောတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားကာ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်မြန်မာ့အာမခံလုပ်ငန်းတို့မှ ဝန်ထမ်း များက တောင်သူများအား သီးနှံလျော်ကြေးငွေစနစ်တကျထုတ်ပေးနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ကြ သည်။
အခမ်းအနားအပြီးတွင် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနတို့မှတာဝန်ရှိသူများ က စိုက်ပျိုးရေးဆိုင်ရာများနှင့်လယ်ယာမြေဥပဒေအကြောင်းတို့ကို တောင်သူအသိပညာပေးဆွေးနွေးဟောပြောခဲ့ကြ ပြီး တောင်သူများက သိရှိလိုသည်များနှင့်မရှင်းလင်းသည်များအားမေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြပါသည်။