ဘားအံ - နိုဝင်ဘာ (၆)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်းစီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်နှင့်တာဝန်ရှိသူများသည် နိုဝင်ဘာလ ၆ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲက ကရင်ပြည်နယ်၊ ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ဒေသခံတိုင်းရင်းသားပြည်သူများပါဝင်သော အလွှာပေါင်းစုံနှင့်တွေ့ဆုံခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ၂၀၂၀ ခုနှစ်ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲ မဲမသာမာမှုနှင့် နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲဖြစ်ပေါ်တိုးတက်လာမှုအခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းပြည်တည်ငြိမ်အေးချမ်းရေးဆောင်ရွက်မှု၊ လျှောက်လမ်းနေသောငြိမ်းချမ်း ရေးခရီးလမ်း၊ တိုင်းရင်းသားတို့၏တာဝန်၊ ခံယူရမည့်အမျိုးသားရေးစိတ်ဓာတ်တို့ကို ရှင်းလင်းပြောကြားပြီး နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်ခွန်စံလွင်က လက်နက်ကိုင်ပဋိပက္ခဖြစ်စဉ်များကြောင့် ထိခိုက်ခံစားရမှုအခြေအနေ နှင့် အကြမ်းဖက်နှိမ်နှင်းရေးလုပ်ငန်းစဉ်များတွင် ပြည်သူပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း၊ကျန်းမာရေး၊ ပညာ ရေး၊ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် တိုင်းရင်းသားညီအစ်ကိုမောင်နှမများအားလုံးပူးပေါင်းပါဝင် ၍ ပြည်နယ်အကျိုး၊ နိုင်ငံအကျိုးကို ဆထက်ထမ်းပိုးပူးပေါင်းပါဝင်ပခုံးထမ်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က တိုင်းရင်းသားတို့၏ ဘာသာစကား၊ စာပေ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းအမွေအနှစ်များ တိုးတက်ပြန့်ပွားရေးဆိုင်ရာများကို ဥပဒေနှင့်အညီ ဆောင်ရွက်ပေးလျက် ရှိပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ကျရာကဏ္ဍမှ ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွှေ့ ပူးပေါင်းပါဝင် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတို့တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းအားထုတ်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို ဦးလည်မသုန်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တက်ရောက်လာသူများကလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်နယ်၏သက်တမ်းအရ(၆၉) နှစ်ရှိပြီးဖြစ်သော်လည်း ငြိမ်းချမ်းရေးမရှိသေးသည့်အတွက် ရှေ့ဆက်ငြိမ်းချမ်းရန် အရေးကြီးလိုအပ်နေကာ ငြိမ်းချမ်း ရေးအတွက်စုပေါင်းအဖြေရှာကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် တက်ရောက်လာကြသော ဖိတ်ကြားထားသူအဖွဲ့အစည်းအသီးသီးမှကိုယ်စားလှယ်များက ငြိမ်းချမ်းရေးဆိုင်ရာများ၊ ရွေးကောက်ပွဲဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများကို ဆွေးနွေးတင်ပြကြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်နှင့်တာဝန်ရှိသူများက တိုင်းရင်းသားစာပေနှင့်ယဉ် ကျေးမှုအဖွဲ့(၆)ဖွဲ့အား ထောက်ပံ့ငွေများပေးအပ်ချီးမြှင့်ကာ တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယနေ့တွေ့ဆုံပွဲသို့ ပြည်နယ်အတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများ၊ နိုင်ငံရေး ပါတီများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အလွှာပေါင်းစုံမှဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ခဲ့ကြပါသည်။