ဘားအံ - နိုဝင်ဘာ (၁)

            (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့်  သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ်၊ လှာကမြင်ကျေးရွာအုပ်စု၊ ရသဝေါအင်း ကန်ပတ်လမ်းသစ် ဖွင့်ပွဲကို နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၈ နာရီ က အဆိုပါကန်ပတ်လမ်းသစ်မုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            ကန်ပတ်လမ်းသစ်ဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကန်ရေပြင်၏သဘာဝအလှအပများ ကိုကြည့်ရှုခံစားပြီး သန့်ရှင်းလတ်ဆက်သည့်သဘာဝလေကိုရှူရှိုက်အပန်းဖြေနိုင်သည့် ကောင်းမွန်သောအပန်းဖြေ နေရာတစ်ခုဖြစ်စေရေးအတွက် ကန်ပတ်ဝန်းကျင်သာယာလှပရေး၊ သဘာဝပတ်ဝန်းကျင်ကိုထိခိုက်ပျက်စီးမှုမရှိစေဘဲ ရေရှည်တည်တံ့သည့်နေရာတစ်ခုဖြစ်စေရေး ပေါင်းစပ်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားပြီး ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ကန်ပတ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်း တင်ပြကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ခွင့်ပြုရန်ပုံငွေကျပ်(၃၂၆)သန်းဖြင့် Box Culvert (၈)စင်း ပါဝင်သော ကန်ပတ်လမ်းအရှည် (၁ မိုင် ၄ ဖာလုံ)အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ကန်ပတ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

            ယခုကဲ့သို့ ရသဝေါအင်းကန်ပတ်လမ်းသစ်ကို အဆင့်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့သည့်အတွက် အနီးပတ်ဝန်း ကျင်ရှိ ကျေးရွာများမှစိုက်ပျိုးတောင်သူများအတွက် ထုတ်ကုန်များသယ်ယူရာတွင် လျှင်မြန်ချောမွေ့စွာ သယ်ယူပို့ ဆောင်နိုင်မည်ဖြစ်ပြီး ဒေသခံနှင့်ခရီးသွားပြည်သူများအနေဖြင့် ရသဝေါကန်၏သဘာဝအလှများကို ကြည့်ရှုခံစား အပန်းဖြေနိုင်သည့်နေရာတစ်ခုဖြစ်လာပြီး ဒေသထုတ်ကုန်များရောင်းဝယ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးရေးအတွက်လည်း များစွာအထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ) ရောဂါဗေဒဌာန၌ (၃၆)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများစုပေါင်းသွေးလှူဒါန်းပွဲကို တက်ရောက်ခဲ့ကြပြီး ကျန်းမာရေးဝန်ထမ်း များက သွေလှူဒါန်းရန်လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးမှုများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၏ သွေးလှူဒါန်းပေးနေမှုများကို ကြည့်ရှုအားပေးကာ အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ပေးအပ်၍ သွေးလှူ ဘဏ်အတွင်း သွေးများစနစ်တကျသိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်းနှင့် ယနေ့သွေး လှူဒါန်းပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများက သွေးသန့် ၁၃ လုံးကို လှူဒါန်းခဲ့ပါသည်။