ဘားအံ - စက်တင်ဘာ (၂၈)

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည့် ရပ်ကွက်/ကျေးရွာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက်တက်ကြွစွာပူးပေါင်းဆောင်ရွက်လျက်ရှိရာ စက်တင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိဘုန်းတော် ကြီးကျောင်းများ၌ ရပ်ကွက်နေပြည်သူများနှင့်ဌာနဆိုင်ရာများပူးပေါင်း၍ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်မှု များအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများသည် ဘားအံမြို့ပေါ်ရှိ မြို့တော်ဦးကျောင်းတိုက်၊ နိဗ္ဗိန္ဒကျောင်းတိုက်၊ မိုးကယ်ကျောင်း တိုက်၊ ထောင်ဝိသာသနာ့ရံသီကျောင်းတိုက်၊ ဇွဲလင်းသာယာသံသရာငြိမ်းအေးကိုကလယ်ကျောင်းတိုက် ဆရာတော် ကြီးများအား ဖူးမြော်ကြည်ညို၍ သာသနာရေးဆိုင်ရာများနှင့်ဒေသဖွံ့ဖြိုးရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြကာ အဆိုပါကျောင်းတိုက်များတွင် ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ဦးဆောင်မှုဖြင့်             မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းအင်အား ၈၅၀ ဦးကျော်ဖြင့် ယာဉ်၊ယန္တရားများအသုံးပြု၍ ရေကြီး ရေလျှံမှုဖြစ်ပွားပြီးချိန်၊ ရေများပြန်လည်ကျဆင်းချိန်တွင် တင်ကျန်ရစ်ခဲ့သည့်သဲနှုန်းများအား ဖယ်ရှားရှင်းလင်းခြင်း၊ မီးသတ်ပိုက်များဖြင့်ဆေးကြောသန့်စင်ခြင်း၊ ရေကြီးနစ်မြုပ်ခဲ့သည့်ရေတွင်းရေကန်များစုပ်ထုတ်သန့်စင်ပေးခြင်း၊ ဆေးခပ်ခြင်း၊ သစ်ပင်၊ သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ စွန့်ပစ်ပလက် စတစ်နှင့်အမှိုက်များဖယ်ရှားခြင်း၊ ရေမြောင်းများရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့်စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ဥပုဒ်သီတင်းသီလခံယူဆောက်တည် ကြသူများ ကိုယ်စိတ်နှလုံးအေးချမ်းသာယာစွာခံယူဆောက်တည်နိုင်ရေး ဘုန်းတော်ကြီးကျောင်းများအား အစဉ် သန့်ရှင်းသပ်ရပ်မှုရှိအောင် ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၈)ရပ်ကွက်၊ ကွင်းအမှတ် (၁၁၈၄)ထောင်ဝိကွင်း၌ ရေကြီးရေလျှံမှုဖြစ်စဉ်ကြောင့် စိုက်ပျိုးပြီးမိုးစပါးများထိခိုက်ပျက်စီးခဲ့မှုအပေါ် တောင်သူများ ပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေးနှင့် ထောင်ဝိကွင်းကုန်ထုတ်လမ်းထိခိုက်ပျက်စီးမှုအခြေအနေများကို ကြည့်ရှုစစ် ဆေးရာ ဒေသခံတောင်သူများက အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနိုင်ရေး လိုအပ်သော စက်သုံးဆီ၊ မျိုးစပါး၊ သွင်းအားစု နှင့် အောင်ရေရရှိနိုင်ရေးတင်ပြဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာဌာနဆိုင်ရာတာဝန်ရှိ သူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရဲသာ(ကမော့ကစင်)ကျေးရွာအုပ်စုရှိ ရေကြီးနစ်မြုပ် မှုကြောင့် ထိခိုက်ပျက်စီးမိုးစပါးစိုက်ဧကများအား တောင်သူများက အချိန်မီပြန်လည်ထွန်ယက်စိုက်ပျိုးနေမှုအခြေ အနေများကို သွားရောက်ကြည့်ရှုအားပေးခဲ့ပြီး တောင်သူလိုအပ်ချက်များအား ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။