ဘားအံ - စက်တင်ဘာ (၉)

             ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် လာရောက်ဂါရဝပြုတွေ့ဆုံသည့် မြန်မာ နိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံအမတ်ကြီး H.E.Mr.Mongkol Visitstump နှင့်အဖွဲ့ အား စက်တင်ဘာလ ၉ ရက်နေ့ နေ့လည် ၁၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံသည်။

            ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ထိုင်းနိုင်ငံသံအမတ်ကြီးနှင့်အဖွဲ့ တို့သည် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ နယ်စပ်ဖြတ်ကျော်မှုခင်းများ၊အကြမ်းဖက်လုပ်ငန်းများနှင့်တရားမဝင်ကုန်သွယ်မှုများ  တားဆီး နှိမ်နှင်းနိုင်ရေး၊ တရားဝင် MOU အလုပ်သမာများအား ဥပဒေအကာအကွယ်ပေးနိုင်ရေး၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် ရေးဆိုင်ရာကိစ္စရပ်များကို အဓိကထားဆွေးနွေးခဲ့ကြပြီး အပြန်အလှန် အမှတ်တရလက်ဆောင်များ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။