ဘားအံ - ဖေဖော်ဝါရီ (၁၃)
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
ဦးစွာ ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသမီးပြိုင်ပွဲတွင် အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းနှင့် လမ်းဦးစီး ဌာနအသင်း၊ အမျိုးသားပြိုင်ပွဲတွင် မီးသတ်ဦးစီးဌာနအသင်းနှင့်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်းအားဝန်ကြီးဌာန အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း) ဦးဇော်မင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသ ခံတိုင်းရင်းသားပြည်သူများနှင့်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး ဗိုလ်လုပွဲစဉ်များတွင် အားကစားနှင့် ကာယပညာဦးစီးဌာနအမျိုးသမီးအသင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအမျိုးသား အသင်း တို့က အနိုင်ရဗိုလ်စွဲခဲ့ကြသည်။
ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ အဖွဲ့ဝင်များက အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများ၊ ပူးတွဲတတိယဆုနှင့် ဒုတိယဆုရအသင်းများအား တစ်ဦးချင်း လည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေး အဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးပြိုင်ပွဲအနိုင်ရဗိုလ်စွဲသွားသော အားကစားနှင့်ကာယပညာဦးစီးဌာနအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် တံခွန်စိုက်ဆု ဖလားတို့ကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက အမျိုးသားပြိုင်ပွဲနေရာအလိုက်အကောင်းအားကစားဆုများ၊ ပူးတွဲတတိယဆုရရှိသောအသင်းများအားလည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်(ငြိမ်း)က ဒုတိယဆုရအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားတို့ကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမျိုးသားပြိုင်ပွဲတွင် အနိုင်ရဗိုလ်စွဲသွားသော လူဝင်မှုကြီးကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနအသင်းအား တစ်ဦးချင်လည်ဆွဲဆု၊ ငွေသားဆု(၁၀)သိန်းကျပ်နှင့် တံခွန်စိုက်ဆု ဖလားတို့ကိုလည်းကောင်း အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။
အလားတူ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပဒေသာကပွဲ ဒုတိယညကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းဒုံးစင်မြင့်၌ ဆက်လက်ကျင်းပရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများမှ ကျောင်းသား၊ကျောင်းသူများ၊ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူများ၊ ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း စာပေနှင့်ယဉ်ကျေးမှုအသင်းများမှ တိုင်းရင်းသား၊တိုင်းရင်းသူများက တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုအက၊အလှ များဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုး ရအဖွဲ့ဝင်များ၊ ပြည်နယ်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဒေသခံတိုင်းရင်းသားပြည်သူများကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။