ဘားအံ - ဇန်နဝါရီ (၇)

            (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီး ဌာန၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေ (၂၀၃၄ ဒဿမ ၃၆) သန်းဖြင့် ဆောင်ရွက်သော သိမ်တော်ကြီး-ကမော့ကစင်လမ်း ကွန်ကရစ်လမ်းဖွင့်ပွဲကို ဇန်နဝါရီလ ၇ ရက်နေ့ နံနက် ၈ နာရီက ဘားအံမြို့ရှောင်လမ်းနှင့်ဆုံရာ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ယခုကဲ့သို့ သိမ်တော်ကြီး-ကမော့ကစင်လမ်းကို အဆင့်မြှင့်တင်ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဘားအံမြို့တွင်း ဇွဲကပင်ကုန်းမြို့ပတ်လမ်းဘက်မှမြို့ရှောင်လမ်း ဘက်သို့ အဆင်ပြေချောမွေ့စွာ အချိန်ကုန်သက်သာစွာဖြင့် တိုက်ရိုက်သွားလာနိုင်ပြီး ထိုမှတစ်ဆင့် ဘားအံမြို့ရှောင် လမ်းအတိုင်း မြို့အဝင်ဆင်ဖြူတော်အဝိုင်း၊ သံလွင်တံတား-ရန်ကုန်ဘက်ကိုလည်ကောင်း၊ ကော့ကရိတ်-မြဝတီဘက် ကိုလည်းကောင်း၊ ဘားအံ-ကြာအင်းလမ်းအတိုင်း ဟိုတယ်ဇုံ၊ ဇွဲကပင်တောင်ခြေလုမ္ဗနီဥယျာဉ်ဘက်ကိုလည်းကောင်း၊ ဒေသတွင်းဖွံ့ဖြိုးတိုးတက်လာသည့်လမ်းကွန်ရက်များအတိုင်း ယာဉ်ကြောပိတ်ဆို့မှုနည်းပါးစွာ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ်နည်းပါးစွာဖြင့် လွယ်ကူလျင်မြန်စွာသွားလာနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရလက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင် ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သိမ်တော်ကြီး-ကမော့ကစင်လမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

            ယနေ့ဖွင့်လှစ်သောလမ်းသည် ၂၀၂၁ ခုနှစ်နောက်ပိုင်း ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဒေသခံပြည်သူများ၏ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာရေးကိုရှေ့ရှုလျက် ယခင်တောင်ယာ သွားလမ်းအဖြစ် လူသွားလမ်းသာသာ ရှိခဲ့သောလမ်းကို ၂၀၂၁ ခုနှစ် မီနီဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ်(၁၂ ဒသမ ၅၅၉)သန်းဖြင့် ပေ(၃၀)အကျယ်မြေသားတစ်ကြောင်းထိုးလမ်းလုပ်ငန်းကိုစတင်ဆောင်ရွက်ခဲ့ ပြီး (၂၀၂၂-၂၀၂၃)ဘဏ္ဍာနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ စုစုပေါင်းကျပ်(၄၉၅ ဒဿမ ၂၄)သန်းဖြင့်  ရေစီးရေလာကောင်းမွန်ရန်နှင့်ရေထွက်ပေါက်များအဆင်ပြေစေရန် သံကူကွန်ကရစ် Box-Culvert(၈)စင်းပါဝင်သော အမာခံမြေသားလမ်းအဖြစ်ဆောင်ရွက်ပေးခဲ့ကာ (၂၀၂၃-၂၀၂၄)ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေ ကျပ် (၂၀၃၄ ဒဿမ ၃၆)သန်းဖြင့် ၁၈ ပေအကျယ်ကွန်ကရစ်လမ်း (၂ ဒဿမ ၈၉၁)ကီလိုမီတာ၊ Box Culvert(၁၃)စင်း ၊ ကျောက်စီမြေထိန်းနံရံနှင့်ရေမြောင်းတွဲလျက်(၁၉၀၉)ပေ၊ ကျောက်စီမြေထိန်းနံရံ(၄၉၂)ပေ စသည့်လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပြီး လိုအပ်သည့်လမ်း၊တံတားလုပ်ငန်းများကိုဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းနှင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် လွန်းညကျေးရွာ၊ လွန်းညရေပြာအိုင်အနီးရှိ ယာယီယာဉ် ချိန်းကွင်းတွင် မြဝတီကုန်သွယ်ရေးဇုန်မှထွက်ခွာလာသော ကုန်တင်ယာဉ်ငယ်များမှကုန်စည်ပစ္စည်းများအား ကုန်တင် ယာဉ်ကြီးများပေါ်သို့ ပြောင်းလဲတင်ဆောင်ခရီးဆက်လက်ထွက်ခွာနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ကုန်စည်စီးဆင်းမှုလွယ်ကူမြန်ဆန်စေရေး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့ရှိ မီးဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ငွေပေးအပ်သည့်အခမ်းအနားကို ကျုံဒိုးမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က မီးဘေးသင့်အိမ်ထောင်စုများအား အားပေးစကားများ ပြောကြားပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှထောက်ပံလှူဒါန်းသော မီးဘေးသင့်အိမ်ထောင်စု(၃၉)စုအတွက် အမိုးသွပ် ပြားထောက်ပံ့လှူဒါန်းငွေကျပ်(၁၉၅)သိန်း၊ ဌာနဆိုင်ရာနေအိမ်(၈)လုံးအတွက် အိမ်တစ်လုံးလျှင်လှူဒါန်းငွေကျပ်(၁၀) သိန်းစီ စုစုပေါင်းငွေကျပ် (၂၇၅)သိန်းတို့ကို မီးဘေးသင့်အိမ်ထောင်စုများထံထောက်ပံ့ပေးအပ်ကာ ရင်းရင်းနှီးနှီး တွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံဒိုးတိုက်နယ်ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူ နေသူများအား ရင်းရင်းနှီးနှီးသွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့်ကျန်းမာ ရေးတိုးတက်ကောင်းမွန်လာမှုအခြေအနေများကို မေးမြန်းအားပေးပြီး အာဟာရဖြည့်စွက်အစားအစာများထောက်ပံ့ ပေးအပ်ကာ အဆိုပါဆေးရုံတွင်တာဝန်ထမ်းဆောင်လျက်ရှိသော ဆေးရုံအုပ်ကြီး၊ သူနာပြုနှင့်ကျန်းမာရေးဝန်ထမ်းများ အား အခြေခံစားသောက်ကုန်ပစ္စည်းများနှင့်အထွေထွေအသုံးစရိတ်ငွေကျပ်(၃)သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဂျိုင်း(ကော့ကရိတ်)တံတား ကျုံဒိုးဘက်ခြမ်းတွင် တိုးဂိတ် (တိုးပလာဇာ)တည်ဆောက်မည့်မြေနေရာ မြေသားလုပ်ငန်းဆောင်ရွက်ခြင်းအား ကြည့်ရှုစစ်ဆေးရာ လမ်းဦးစီးဌာန ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်မှုနှင့်စပ်လျဉ်း၍ လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ၏ ဂျိုင်းလျှပ်စစ်မြေရေတင်ရှင်းလင်းဆောင်၌ တောင်သူများနှင့်တွေ့ဆုံရာ ‌(ရေအရင်းအမြစ်) လက်ထောက် ညွှန်ကြားရေးမှူး ဦးကျော်စွာဦးက မြစ်ရေတင်ဖြင့် ယခုနှစ်နွေရာသီတွင် သီးနှံများစိုက်ပျိုးဆောင်ရွက် မည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များ မှာကြားကာ တောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ၊ အခက်အခဲများကို မေးမြန်းဆွေးနွေးပြီး သက်ဆိုင်ရာဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) ၏ သံလှယ်လျှပ်စစ်မြစ်ရေတင်လုပ်ငန်း၌ လျှပ်စစ်နှင့်ဆိုလာပေါင်းစပ်၍ တောင်သူများအား စိုက်ပျိုးရေဖြန့်ဖြူးပေးနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ ပါသည်။