ဘားအံ - ဇန်နဝါရီ (၁)

            (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ ဘားအံမြို့နယ်အတွင်း ပြည်နယ်ငွေလုံးငွေရင်းခွင့်ပြုရန်ပုံငွေ (၄၈၈ ဒဿမ ၈၆)သန်းဖြင့် ငွေစင်ဆန်းသစ် ကုမ္ပဏီနှင့် မဟာထူးမြတ်ကုမ္ပဏီတို့မှ တင်ဒါအောင်မြင်ဆောင်ရွက်သော လှိုင်ရွာ-ကော့သပုတ်-ကော့ဒါန်းမယ်-ကော့ထမ္မလိန်း ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားဖွင့်ပွဲကို ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲက တော်ပုံကျေးရွာအုပ်စု၊ လှိုင်ကျေးရွာရှိ အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။

            ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်နှင့် ကွန်ကရစ်တံတားဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး က ယခုကဲ့သို့ ကျေးလက်လမ်း၊ တံတားလုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်မြို့ပြအချိုးညီစွာ  ဖွံ့ဖြိုးတိုးတက်လာပြီး ကျေးလက်နေပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များအား အသုံးပြု၍ အမြန်ဆုံးဆက်သွယ်သွားလာနိုင်ကာ အမျိုးသား ပို့ဆောင်ရေးပင်မစီမံကိန်းအား အထောက်အကူပြုစေမည်ဖြစ်ကြောင်း၊ ကျေးလက်လမ်း၊တံတားများဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ လမ်းပန်းဆက်သွယ်ရေးမြန်ဆန်ကောင်းမွန်လာခြင်း၊ ထုတ်ကုန်များအချိန်ကုန်သက်သာစွာဖြင့် ဈေးကွက်သို့အလျင်အမြန်သယ်ယူပို့ဆောင်နိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေခြင်း၊ မိသားစုတစ်ဦးချင်း ဝင်ငွေများတိုးတက်လာခြင်းစသည့်အကျိုးကျေးဇူးများကို ရရှိစေမည်ဖြစ်ကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ် ချက်များကိုလည်း သက်ဆိုင်ရာဌာနအသီးသီးနှင့်ပေါင်းစပ်တင်ပြဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်ဒေသများအမြန် ဆုံးဖွံ့ဖြိုးတိုးတက်အောင် လက်တွဲညီညီပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ကျေးလက်နေပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြား ရေးမှူး(မြို့ပြ)ဦးစောကျော်ဝင်းက လမ်းဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်များအား လက်ရောက်ပေးအပ်သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက  ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်နှင့်ကွန်ကရစ်တံတားတို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံများရိုက်ကူး၍  ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ သည် ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းအရှည်(၁)မိုင်နှင့်ကွန်ကရစ် တံတားပေ(၂၀)(၁)စင်းတို့ကို ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းအမှတ်-၁၈၈၉(ဂ)ကော့သပုတ်ကွင်း၌ တောင်သူများ၏ ဆီထွက်သီးနှံဆောင်းမြေပဲနှင့်ပဲအမျိုးမျိုးစိုက်ပျိုးထားရှိမှုအခြေအနေ၊ ဒေသတွင်းဆီဖူလုံမှုရာခိုင်းနှုန်းတိုးတက်မြင့်မား ရေး ကော့လှိုက်ကျေးရွာအုပ်စု၊ ကော့လှိုက်ကွင်းအတွင်း ဆောင်းဆီထွက်သီးနှံ(မြေပဲ) ၁၀၆၅ ဧက စိုက်ပျိုးထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တစ်ဧကပန်းတိုင်အထွက်နှုန်းကျော်လွန် ထွက်ရှိရေးကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်၏အထင်ကရဖြစ်သော ဇွဲကပင်တောင်၏ ပြုပြင်ဖန်တီးထားခြင်းမရှိသော သဘာဝ အလှအပများကို သိရှိခံစားနိုင်စေရန်၊ ခြေလျင်တောင်တက်အားကစားကိုလူအများ စိတ်ပါဝင်စားလာ စေရန်နှင့် အဆိုပါအားကစားနည်းအား လေ့လာလိုက်စားဆောင်ရွက်ခြင်းဖြင့် ပြည်နယ်သူ၊ ပြည်နယ်သား များ ပိုမိုကျန်းမာကြံ့ခိုင်လာစေရန်ရည်ရွယ်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဇွဲကပင် တောင်တက်/တောင်ဆင်းပြိုင်ပွဲကို ဇန်နဝါရီလ(၁)ရက်နေ့ နံနက် ၆ နာရီက ဇွဲကပင်တောင်အရှေ့ခြမ်း၊ သစ်ချကျေးရွာ၊ တံတားဖြူမှ စတင်တာလွှတ်ယှဉ်ပြိုင်ခဲ့ကြသည်။

            အဆိုပါပြိုင်ပွဲကို အသက်(၄၀)နှစ်အထက် အမျိုးသား၊ အမျိုးသမီးပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အောက် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲဟူ၍ ပြိုင်ပွဲအမျိုးအစား(၄)မျိုးခွဲ၍ယှဉ်ပြိုင်စေခဲ့ပြီး ပြိုင်ပွဲဝင်စုစုပေါင်း ၁၆၂၄ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကာ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဇွဲကပင်တောင်အရှေ့ခြမ်း သစ်ချကျေးရွာ တံတားဖြူထိပ်၌ သေနတ်ပစ်ဖောက်တာလွှတ်ပေးခဲ့ရာ ပြိုင်ပွဲဝင်များက အမြင့်ပေ ၂၇၂၇ ပေရှိ မတ်စောက်သောတောင်ကိုကျော်၍ ဇွဲကပင်အနောက်ခြမ်း တော်ပုံကျေးရွာ ဗန္ဓဝဂီရိလုမ္ဗိနီဥယျာဉ်မုခ်ဦးရှေ့၌ ပန်းဝင်ခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ပြည်နယ်အစိုးရ အဖွဲ့ဝင်များသည် ဇွဲကပင်တောင်ဆရာတော် အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက ဘဒ္ဒန္တကဝိဓဇအား ဇွဲကပင်တောင် ခြေ လုမ္ဗိနီဥယျာဉ်ကျောင်း၌ သွားရောက်ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများနှင့်နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယနေ့ကျင်းပသည့် ဇွဲကပင်တောင်တက်/တောင်ဆင်းပြိုင်ပွဲ၌ အသက်(၄၀)နှစ်အထက် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုမှနှစ်သိမ့်ဆုထိ ဆုပေါင်း(၃၅)ဆုစီ၊ အသက်(၄၀)နှစ်အောက် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုမှနှစ်သိမ့်ဆုထိ ဆုပေါင်း(၇၅)ဆုစီကို ချီးမြှင့်ပေးခဲ့ရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြိုင်ပွဲတွင်ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးသော ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မာဃလူမှုကူညီရေးအသင်း၊ လူမှုကယ်ဆယ်ရေးအဖွဲ့တို့အား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့် ပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များက အသက်(၄၀)နှစ်အောက်အမျိုးသားပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အထက် အမျိုးသားပြိုင်ပွဲတွင် နှစ်သိမ့် ဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၏ဇနီးများက အသက်(၄၀)နှစ်အောက်အမျိုးသမီးပြိုင်ပွဲနှင့် အသက်(၄၀)နှစ် အထက်အမျိုးသမီးပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူများကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်၏ဇနီးက အသက်(၄၀)နှစ်အောက်အမျိုးသမီးပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အထက်အမျိုးသမီး ပြိုင်ပွဲတွင် ပဥ္စမဆုမှပထမ ဆုရရှိသူများကိုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်က အသက်(၄၀) နှစ်အောက်အမျိုးသားပြိုင်ပွဲနှင့် အသက်(၄၀)နှစ်အထက်အမျိုးသားပြိုင်ပွဲတွင် ပဥ္စမဆုမှပထမ ဆုရရှိသူများ နှင့် ပြိုင်ပွဲတွင်အသက်အကြီး ဆုံးပါဝင်ယှဉ်ပြိုင်သူနှစ်ဦးအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ဘားအံမြို့နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့်သိပ္ပံရှိ ဆရာ၊ဆရာမ၊ ဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက်ပိုင်း တွင် အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ)၊ ဘားအံတက္ကသိုလ်၊ ဘားအံပညာရေးဒီဂရီကောလိပ်နှင့် စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)တို့တွင် ဝယ်ယူရောင်းချနေမှုအခြေအနေများ ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး စိုက်ပျိုးရေးသိပ္ပံ(ဘားအံ)တွင် ဟင်းသီးဟင်း ရွက်စားဖိုဆောင်သီနှံများကို ၁၀ မျိုး၊ ၁၀ ဘောင် စိုက်ပျိုးထားရှိမှု၊ ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်း သီးသန့်စိုက်ခင်းနှင့် ရာဘာပျိုးပင် စိုက်ခင်းတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များကို တာဝန်ရှိသူများ အားမှာကြားခဲ့ပါသည်။