ဘားအံ - နိုဝင်ဘာ (၅)

            (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ကန်သာယာပတ်လမ်းပေါ်ရှိ ကျော်ဇေယျလမ်း၊ Steel Structure Decking ၌ကျင်းပရာ မြို့နယ်၊ ရပ်ကွက်/တိုက်နယ်ကျေးရွာအုပ်စုများမှ လှေလှော်ပြိုင်ပွဲဝင်အသင်း ၁၃ သင်း အားကစားသမား ၄၅၀ ဦးဝင်ရောက်ယှဉ်ပြိုင်ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ရိုးရာလှေလှော်ပြိုင်ပွဲဝင်အသင်းများအနေဖြင့် သတ်မှတ် စဉ်းမျဉ်း/စည်းကမ်းဘောင်အတွင်းမှ မိမိတို့ကိုယ်စားပြုအသင်းများအနိုင်ရရှိအောင် ရွက်ကုန်တက်ကုန်အားကြိုးမာန် တက်ကြိုးစား ယှဉ်ပြိုင်ကစားသွားကြရန် တိုက်တွန်းပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်ပေးသည်။

            ထို့နောက် အားကစာသမားများက အားကစားသစ္စာအဓိဌာန်ရွတ်ဆိုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍အားပေးစကားများပြောကြားကာ ပြိုင်ပွဲဝင်အသင်း တစ်သင်းလျှင် ငွေကျပ် ၁၂၅၀၀၀ဝိ/-(တစ်ဆယ့်နှစ်သိန်းငါးသောင်းကျပ်)ကို ထောက်ပံ့ပေးအပ်သည်။

            ယင်းနောက် ပြိုင်ပွဲအားစတင်ကျင်းပရာ အမျိုးသား/အမျိုးသမီး တက်(၂၀)နဂါးလှေလှော်ပြိုင်ပွဲ၊ အမျိုးသား/ အမျိုးသမီး(၇)တက်လှော်ပြိုင်ပွဲ၊ အမျိုးသား/အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲများကို ကျင်းပခဲ့ပြီး ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ လှေလှော်အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြသည်။ 

အဆိုပါပြိုင်ပွဲကို ပွဲစဉ်ပေါင်း ၅၀ ဖြင့် နိုဝင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ထိ ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရ ဗိုလ်စွဲသည့်အသင်းများအား ဂုဏ်ပြုဆုများထိုက်ထိုက်တန်တန် ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် နိုဝင်ဘာ လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်က ဘားအံမြို့၊ သီရိကွင်းတွင် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲများ၊ ဒုံးအကပြိုင်ပွဲများ၊ ပြပွဲပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှုပြခန်းများ၊ လူမှုရေးအသင်းအဖွဲ့များ၏ပြခန်းများ၊ ဌာနဆိုင်ရာများ၏ဒေသဖွံ့ဖြိုးရေးဆောင်ရွက် မှုပြခန်းများ၊ အသေးစား၊အလတ်စား၊အငယ်စား(MSME)ထုတ်ကုန်ပြခန်းများ ခင်းကျင်းပြသနိုင်ရန် ပြင်ဆင်ဆောင် ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားကာ ပေါင်းစပ် ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကရင်ရိုးရာဒုံးအကပြိုင်ပွဲကျင်းပမည့် ဒုံးစင်မြင့်၊ ဈေးဆိုင်ခန်း များ၊ ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပမည့် ယာယီအားကစားရုံ၊ အကအလှများဖြင့်ဖျော်ဖြေတင်ဆက်မည့် ယာယီဇာတ် သဘင်ရုံတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားခဲ့ပါသည်။