ဘားအံ - မတ် (၂၂)

             ပြည်နယ်သာသနာရေးဦးစီးဌာနမှ ကြီးမှူးကျင်းပမည့် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမ ပြန်စာမေးပွဲကို ဘားအံမြို့၊ ကျက်သရေဆောင်ကြာအင်းတောင်ခြေတွင် တည်ဆောက်ဆဲဖြစ်သော သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီးတွင်ကျင်းပနိုင်ရေးအတွက် မတ်လ ၂၂ ရက်နေ့ နံနက်ပိုင်းက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ရပ်ကွက် နေပြည်သူများပူးပေါင်း၍ အဆိုပါဗိမာန်ပရိဝုဏ်အတွင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ကြရာ ပြည်နယ် ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သာသနာ့ဝေစည် ဓမ္မဗိမာန်တော်ကြီး ပရိဝုဏ်အတွင်း နယ်မြေခံတပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်နေပြည်သူများ ပူးပေါင်းပြီး ယာဉ်၊ ယန္တရားများအသုံးပြု၍ အမှိုက်သရိုက်များဖယ်ရှားရှင်းလင်းခြင်း၊ ခြုံနွယ်ပိတ်ပေါင်းများခုတ်ထွင် ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးဆောင်ရွက်ခြင်း အစရှိသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင် ရွက်မှုကို လိုက်လံကြည့်ရှုအားပေးပြီး  တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တည်ဆောက်ဆဲဖြစ်သော သာသနာ့ဝေစည်ဓမ္မ ဗိမာန်တော်ကြီး ၆၀ ရာခိုင်နှုန်းခန့်ပြီးစီးမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး ရေ၊ မီး၊ မိလ္လာပြည့်စုံလုံ လောက်မှုရှိစေရေး၊ အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဋ္ဌိပထမပြန်စာမေးပွဲ အောင်မြင်စွာကျင်းပနိုင်ရေး တာဝန်ရှိသူများ အား မှာကြားခဲ့သည်။

            အလားတူ ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ်အခမ်းအနားကို FORESTS AND FOODS သစ်တောများနှင့်စားရေရိက္ခာများ ဆောင်ပုဒ်ဖြင့် မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

            ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဒေသခံပြည်သူများက သစ်တောများ၏ စားရေရိက္ခာဖူလုံ စေခြင်း၊ ဂေဟစနစ်ဝန်ဆောင်မှုများပံ့ပိုးပေးနိုင်ခြင်း၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေခြင်းတို့အတွက် အရေးပါပုံကို သိမြင်နားလည်လက်ခံပြီး သစ်တောစီမံအုပ်ချုပ်ရေးလုပ်ငန်းများတွင် စိတ်အားထက်သန်စွာ ပူးပေါင်းပါဝင်စေရန် တိုက်တွန်းပြောကြားသည်။

            ကရင်ပြည်နယ်အနေဖြင့် အမြဲတမ်းသစ်တောနယ်မြေ ၃၂ ဒဿမ ၀၄ ရာခိုင်နှုန်းရှိပြီး ၂၀၂၀ ပြည့်နှစ် ပြည်နယ်၏သစ်တောဖုံးလွှမ်းမှာ ၃၂ ဒဿမ ၅၃ ရာခိုင်နှုန်းရှိကာ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဧရိယာ ၃၁၇၈၉ ဒဿမ ၄၆ ဧကကို အသုံးပြုသူအဖွဲ့ဝင်ဦးရေ ၂၃၂၄ ဦးပါဝင်သည့် အသုံးပြုသူအဖွဲ့ပေါင်း ၁၆၈ ဖွဲ့သို့ ပြည်သူ လူထုကပူးပေါင်းပါဝင်သည့် သစ်တောစီမံအုပ်ချုပ်မှုဖွံ့ဖြိုးစေရေးဆောင်ရွက်ပေးထားကြောင်း အဆိုပါအခမ်းအနားမှ သိရသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တက်ရောက်လာသူများက အပြည်ပြည်ဆိုင်ရာသစ်တောများနေ့အထိမ်းအမှတ် ဗီဒီယိုကို အတူတကွ ကြည့်ရှုခဲ့ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသော ပြည်နယ်အတွင်းရှိသစ်တောနယ်မြေများ၏တည်နေရာများ၊ ကြိုးဝိုင်း၊ကြိုးပြင်ကာကွယ် တောများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့်စားရေရိက္ခာဖူလုံမှုများ အစရှိသည့် သစ်တောဆိုင်ရာအသိပညာပေး နံရံကပ်ပိုစတာ များနှင့် သစ်တောဦးစီးဌာန၏လှုပ်ရှားဆောင်ရွက်မှုဆိုင်ရာမှတ်တမ်းဓာတ်ပုံများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြ သည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့် အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် အလုပ်သမားညျွန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် ဆိုလာတပ်ဆင်ခြင်းသင်တန်းဆင်းပွဲကို မတ်လ ၂၁ ရက်နေ့ မွန်းလွဲ ၄ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆိုလာသွယ်တန်းတပ်ဆင်ခြင်းသည် မိမိတို့နေအိမ်အတွက်သော် လည်းကောင်း၊ လုပ်ငန်းခွင်အတွက်သော်လည်းကောင်း၊ ရပ်ရွာပတ်ဝန်းကျင်အတွက်သော်လည်းကောင်း အလွန် အသုံးဝင်အရေးပါပြီး သင်တန်းမှသင်ကြားပေ့းလိုက်သောအသိပညာ၊ အတတ်ပညာများကိုလေ့လာရုံသာမက လက်တွေ့လုပ်ငန်းခွင်နယ်ပယ်မှ ရရှိသောအသိပညာ၊အတတ်ပညာ ဗဟုသုတများဖြင့်ပေါင်းစပ်လုပ်ကိုင်မည်ဆိုပါက သင်တန်းသားတို့၏ ဘဝရပ်တည်နေထိုင်ရေးအတွက် ခိုင်မာသည့်အခြေခံအုတ်မြစ်ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း ပြော ကြားသည်။

            ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန ညွှန်ကြားရေးမှူးက သင်တန်းများဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့်ဖွင့်လှစ်ခဲ့သောသင်တန်းများမှ ဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ ပြည်နယ်လူမှုရေးရာ ဝန်ကြီးက သင်တန်းဆင်းအောင်လက်မှတ်များပေးအပ်ချီးမြှင့်သည်။

            ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသား ၂၀ ဦးသင်တန်းဆင်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိ သူများသည် သင်တန်းဆင်းသင်တန်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြော ကြားကာ သင်တန်းသားများ၏ သင်တန်းဆင်းလက်ရာများအား ကြည့်ရှုအားပေး၍ တာဝန်ရှိသူများအား လိုအပ် သည်များမှာကြားခဲ့ပါသည်။