ဘားအံ - ဇွန် (၄)

             လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ် ရေးနှင့်ပြည်သူ့အကျိုးပြုလုပ်ငန်းတာဝန်များကို ထမ်းဆောင်လျက်ရှိသော ရဲတပ်ဖွဲ့ဝင်များအား ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက တူညီဝတ်စုံ(Uniform)များ ချီးမြှင့်ပေးအပ်သည့်အခမ်းအနားကို ဇွန်လ ၃ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လုံခြုံရေးအသိ/လုံခြုံရေးသတိဖြင့် ဆောင်ရွက်ကြစေလိုပြီး အထက်မှချမှတ်ပေးထားသော ကျင့်ဝတ်၊စည်းကမ်းများ နှင့်အညီလိုက်နာဆောင်ရွက်ကြစေလိုကာ တပ်ဖွဲ့ဝင်မိသားစုဝင်များစည်းလုံးညီညွတ်မှုပိုမိုခိုင်မာအောင် တည်ဆောက် ၍ ပြည်သူများအား ဝန်ဆောင်မှုကောင်းများပေးနိုင်အောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြော ကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လုံခြုံရေးတာဝန်များထမ်းဆောင်လျက်ရှိသော ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးများ၊ ရဲအကူတပ်ဖွဲ့ခွဲနှင့် အမှတ်(၂၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲတို့မှ ရဲတပ်ဖွဲ့ဝင်များအတွက် စုစုပေါင်းငွေကျပ် ၈၂၄၀၀၀ဝိ/-(ရှစ်ဆယ်နှစ်သိန်းလေးသောင်းကျပ်)တန်ဖိုးရှိ တူညီဝတ်စုံ(Uniform)နှင့် လည်စည်းများကို ချီးမြှင့် ပေးအပ်ရာ ကရင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအေးသိန်းကိုယ်စား ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူးက ကျေးဇူးတင် စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသော ရဲတပ်ဖွဲ့ဝင်များ အား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။