ဘားအံ - မတ် (၂၃)
မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် နယ်စပ် ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သော လှိုင်းဘွဲမြို့နယ်၊ ပိုင်ကျုံမြို့ ပိုင်ကျုံ-ပညာပလီး ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းတစ်မိုင်နှင့် ပိုင်ကျုံမြို့ မြို့မဘုန်းတော်ကြီးကျောင်းမှ ခရစ်ယာန်ဘုရာရှိခိုးကျောင်းထိ မြို့တွင်းလမ်း (၅) ဖာလုံ ကတ္တရာလမ်းဖွင့်ပွဲကို မတ်လ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါလမ်းများမုခ်ဦးတည်နေရာ၌ ကျင်းပသည်။
ဦးစွာ ပိုင်ကျုံမြို့၊ အမှတ်(၂)ရပ်ကွက်-ပညာပလီး ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းတစ်မိုင်ဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်း များမှကိုယ်စားလှယ်များက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲတွင်ပါဝင်အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြကာ လမ်းအားဖြတ် သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ပိုင်ကျုံ-ပညာပလီးလမ်းကို ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ်(၂၈၂ ဒဿမ ၃၀၃)သန်းဖြင့် မဟာမြေ ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်ပြီး အကျယ် ၁၄ ပေ၊ ထု ၇ လက်မ၊ လမ်းပုခုံး တစ်ဖက် ၃ ပေစီပါဝင်ကာ ထီးဖိုးကပေ၊ သရဲထ၊ တငေါ၊ ကျပန်ကုန်း၊ ဂဏန်းကုန်း၊ လော်ကော်၊ နတ်ကြီး စသည့်ကျေးရွာများအနေဖြင့် ပညာပလီးကျေးရွာ မှတစ်ဆင့် ပိုင်ကျုံ-လှိုင်းဘွဲ- ဘားအံမြို့များသို့ လွယ်ကူစွာသွားလာနိုင်မည်ဖြစ်သည်။
ထို့နောက် ပိုင်ကျုံမြို့တွင်းလမ်း ပိုင်ကျုံမြို့မဘုန်းကြီးကျောင်းမှ ခရစ်ယာန်ဘုရားကျောင်းထိ ကတ္တရာလမ်း ဖွင့်ပွဲကိုကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးနှင့် ကရင်တိုင်းရင်းသားလက်နက်ကိုင်ငြိမ်းချမ်းရေးအဖွဲ့ အစည်းများမှကိုယ်စားလှယ်များက လမ်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသောတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ယင်းနောက် အဆိုပါလမ်းများဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယခုကဲ့သို့ လမ်း/တံတားများဆောင်ရွက်ဖွင့်လှစ်ပေးနိုင်ခြင်းသည် ဒေသအတွင်းရှိ တိုင်းရင်းသားပြည်သူများ၏ တည်ငြိမ်းအေး ချမ်းမှုကိုမြတ်နိုးတန်ဖိုးထား၍ ရရှိလာသော အသီးအပွင့်များပင်ဖြစ်ကြောင်း၊ ပြည်ပအားကိုးဘေးပယောဂများ၏ စကားကိုနားမယောင်ဘဲ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးကို အမြင်ကျယ်ကျယ်ဖြင့် ရှုမြင်တတ်ဖို့လိုပြီး ယခုဆောင်ရွက် ပြီးစီးသွားသည့် လမ်းများကို တန်ဖိုးထားဝိုင်းဝန်းထိန်းသိမ်းပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ဖွံ့ဖြိုး မှုကြီးကြပ်ရေးရုံး ညွှန်ကြားရေးမှူးက ဖွင့်လှစ်သည့်လမ်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာ ဝန်ရှိသူများသည် ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေး စကားများပြောကြားခဲ့ပါသည်။