ဘားအံ - မတ် (၂၉)

            ကရင်ပြည်နယ်အတွင်း ၂၀၂၄ ခုနှစ်အတွင်း ထူးကဲမြစ်ရေကြီးမှုနှစ်ကြိမ်၊ ရာဂီမုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပွား သောရေကြီးရေလျှံမှုတို့ကြောင့် ယာယီရေဘေးစခန်း(၂၇)ခုဖွင့်လှစ်ခဲ့ရပြီး အိမ်ထောင်စု ၂၃၀၄ စုတို့ကို ယာယီပြောင်း ရွှေ့နေရာချထားခဲ့ရသည့်အတွက် မတ်လ ၂၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ကျောင်းထိုင် ဘုန်းကြီး သင်တန်းကျောင်းဓမ္မာရုံ၌ ရာဂီမုန်တိုင်းနှင့်ဆက်စပ်ဖြစ်ပွားသော ရေကြီးရေလျှံမှုကြောင့်ရေဘေးသင့်ပြည်သူများအား အိန္ဒိယနိုင်ငံမှပေးပို့လှူဒါန်းသည့် ဆန်များကို တာဝန်ရှိသူများက စနစ်တကျခွဲဝေပေးအပ်ခဲ့ကြသည်။

            ထိုသို့ခွဲဝေပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အမှာစကားပြောကြားပြီး အရှေ့တောင်တိုင်း စစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ရာဂီ မုန်တိုင်းကြောင့် ရေဘေးသင့်ခဲ့ရသည့် ဘားအံမြို့နယ်အတွင်းရှိ ပြည်သူများအား တစ်ဦးလျှင် ဆန်နို့ဆီဗူး(၂)ဗူးနှုန်းဖြင့် (၁၃)ရက်စာ ဆန်နို့ဆီဗူး(၂၆)ဗူးနှုန်းဖြင့် ဘားအံမြို့နယ်အတွင်းရှိ အိမ်ထောင်စု ၂၇၄၇ စု၊ လူဦးရေ ၁၁၆၁၃ ဦးအတွက် ၅၀ ကီလို ဂရမ်အလေးချိန်ရှိ ဆန် ၁၅၇၃ အိတ်ကို ချီးမြှင့်ပေးအပ်ရာ ရေဘေးသင့်ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ရေဘေးသင့်ခဲ့သည့်ဒေသခံပြည်သူများအား ရင်းနှီး နွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပြီး အဆိုပါဆန်များကို ခရိုင်၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့်တာဝန်ရှိသူများက တစ်ဦးချင်းအား စနစ်တကျခွဲဝေပေးခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ၊ အလုပ် သမားညွှန်ကြားမှုဦးစီးဌာန၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်း၌ အမျိုးသားအဆင့်အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်ထုတ်ပေးနိုင်ရေး မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှုစံသတ်မှတ်ပြဌာန်းရေး အဖွဲ့(NSSC)မှ  နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များစက်မှုလက်မှုပညာသင်တန်ကျောင်းမှ သင်တန်းသားများနှင့် ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းမှ သင်တန်းဆင်းသင်တန်းသားစုစုပေါင်း ၃၀ ဦးတို့အား မတ်လ ၂၇ ရက်နေ့မှ ၃၀ ရက်နေ့ထိ အလှည့်ကျကျွမ်းကျင်မှုဆန်းစစ်အကဲဖြတ်နေမှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။

            အခြေခံပညာအတွက် အရည်အသွေးမြင့်မားသည့် ဆရာ၊ဆရာမများဖြည့်ဆည်းပေးနိုင်ရေးအတွက် လုပ်ငန်း ခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(PPTT)အမှတ်စဉ်(၁၂/၂၀၂၅)ကို ကရင်ပြည်နယ်အတွင်းမှ သင်တန်း သား၊သင်တန်းသူ ၂၀၁ ဦးဖြင့် မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီက ဆရာအတတ်ပညာဦးစီးဌာန၊ ဘားအံပညာရေး ဒီဂရီကောလိပ် သီရိခန်းမ၌ ဖွင့်လှစ်သည်။

            သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြား၍ သင်တန်း အတွက် ငွေကျပ်လေးဆယ်သိန်းနှစ်သောင်းကျပ်ကို သင်တန်းသား/သူများနှင့်ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့် ပေးအပ်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြကာ သင်တန်းသား/ သူများက တိုင်ရင်းသားရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန် ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။

            အဆိုပါသင်တန်းကို တန်းပြကာလအပါအဝင် မတ်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၀ ရက်နေ့ထိ ၄ လကြာ စာတွေ့လက်တွေ့ သက်ကြားပို့ချပေးသွားမည်ဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားပြောကြားခဲ့ကြပါသည်။