ဘားအံ - စက်တင်ဘာ (၄)

            ရန်ကုန်မြို့တွင် ဩဂုတ်လ ၃၀ ရက်နေ့မှ စက်တင်ဘာလ ၁ ရက်နေ့ထိ ကျင်းပခဲ့သော မြန်မာ့အနာဂတ် မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်သို့ တက်ရောက်ခဲ့ကြသော ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့၏ အတွေ့အကြုံရှင်းလင်းပွဲကို စက်တင်ဘာလ ၅ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ လူငယ် ကော်မတီ(၁၆)ရပ်မှ အတွင်းရေးမှူးများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ သိပ္ပံများ၊ အခြေခံပညာကျောင်းများမှ ပါမောက္ခချုပ်/ကျောင်းအုပ်ကြီးများ၊ ကျောင်းသား၊ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး နိုင်ငံတော်အလံကို အလေး ပြု၍ အခမ်းအနားကိုဖွင့်လှစ်သည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျင်းပခဲ့သည့်လူငယ်မဟာဗျူဟာဖိုရမ်တွင် နိုင်ငံတကာရေးရာ ပထဝီနိုင် ငံရေး၊ အမျိုးသားမဟာဗျူဟာနှင့်ပတ်သက်သည့် အခြေခံဗဟုသုတများ၊ လူငယ်များအကြားခေါင်းဆောင်မှု၊ စူးစမ်း စဉ်စားနိုင်မှုနှင့်လူမှုဆက်ဆံရေးတွင် ကျွမ်းကျင်မှုများ အရည်အချင်းများမြှင့်တင်ရန်အပြန်အလှန်ဆွေးနွေးရသည့် အတွက် ကောင်းမွန်သည့်အတွေ့အကြုံများရရှိပြီး လူငယ်များရှေ့ဆက်လုပ်ဆောင်ရမည့်အရာများကို နားလည်လာ မည်ဖြစ်ကြောင်း၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအသီးသီးမှ လူငယ်ကိုယ်စားလှယ်များနှင့်တွေ့ဆုံရင်းနှီးခွင့်ရရှိသည့် အတွက် လူငယ်အချင်းချင်းထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် လူငယ်ကွန်ရက်ကိုဖော်ဆောင်ပြီး အသိပညာပေးဝေမှု များကို ဆက်လက်ဆောင်ရွက်၍ နိုင်ငံတော်နှင့်နိုင်ငံသားများအတွက် ပြန်လည်အကျိုးပြုကာ နိုင်ငံတိုးတက်ကောင်း မွန်ရေး အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်ထံသို့ မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ အထိမ်း အမှတ်တံဆိပ်ကို ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့အားဦးဆောင်သူပြည်နယ်လူမှုရေးရာဝန်ကြီးက အပ်နှံခဲ့ ပြီး လူငယ်မဟာဗျူဟာဖိုရမ်သို့တက်ရောက်ခဲ့သော လူငယ်ကိုယ်စားလှယ်အဖွဲ့မှ(၄)ဦးက လူငယ်ဖိုရမ်သို့တက်ရောက် နိုင်ရေးအတွက် စုဖွဲ့ပြင်ဆင်ခြင်း၊ အချက်အလက်များရှာဖွေညှိနှိုင်းခြင်း၊ ညစာစားပွဲအတွက်အကတိုက်ခြင်း၊ ဝတ်စုံ ရွေးချယ်ခြင်းများအတွက် ကြိုတင်ပြင်ဆင်ခြင်း၊ စုရပ်မှထွက်ခွာရောက်ရှိခြင်း၊ ဖွင့်ပွဲတက်ရောက်ခြင်း၊ နေ့အလိုက် ဆွေးနွေးခြင်း၊ လေ့လာရေးခရီးထွက်ခြင်း၊ ဂုဏ်ပြုညစာစားခြင်း၊ ပြန်လည်ထွက်ခွာခြင်းနှင့် လူငယ်ဖိုရမ်မှရရှိခဲ့သည့် အကျိုးကျေးဇူးများကို အပိုင်း(၄)ပိုင်းခွဲ၍ အတွေ့အကြုံရှင်းလင်းတင်ပြကာ အနာဂတ်တည်ဆောက်မည့် ခေတ်သစ် မျိုးဆက်များအတွက် မြန်မာ့အနာဂတ်မျက်နှာစာလူငယ်မဟာဗျူဟာဖိုရမ်ကြေငြာစာတမ်းကို ဖတ်ကြားကြသည်။

            အတွေ့အကြုံရှင်းလင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကရင်ပြည်နယ်လူငယ် ကိုယ်စားလှယ်အဖွဲ့နှင့် တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူများကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ ပြည်နယ်လူငယ်စင်တာ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဘိလိယက်နှင့်စနူကာပြိုင်ပွဲ 9 ball ဗိုလ်လုပွဲစဉ်ကို ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ကိုယမင်းအောင်က ၄ ပွဲ ၃ ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

            ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်တို့က 9 ball ပြိုင်ပွဲတွင် ပူးတွဲတတိယ၊ ဒုတိယ၊ ပထမဆုရရှိကြသူများ အား ငွေသားဆုနှင့်ဆုဖလားများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက 15 Red Snooker ပြိုင်ပွဲ ပူးတွဲ တတိယဆုရရှိကြသူများနှင့်ဒုတိယဆုရရှိကြသူများအား ငွေသားဆုနှင့်ဆုဖလားများပေးအပ်ချီးမြှင့်ကာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပထမဆုရရှိသော ကိုကိုချစ်အား ငွေသားဆု(၅)သိန်းကျပ်နှင့်ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။