ဘားအံ - ဇန်နဝါရီ (၂၀)
ကရင်ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ် ငန်းကော်မတီနှင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင် ခြင်းသင်တန်း ဖွင့်ပွဲကို ဇန်နဝါရီလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ကျွမ်းကျင်မှုလေ့ ကျင့်ရေးသင်တန်းကျောင်း၌ ကျင်းပသည်။
ပြည်နယ်အတွင်းကလေးအလုပ်သမားများ ပပျောက်စေရေးအတွက် မိသားစုတွင်းရှိ ကလေးသူငယ်များ၏ မိဘများ၊ ဆွေမျိုးသားချင်းများကို အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်နှင့် ကိုယ်ပိုင်လုပ်ကိုင်စားသောက်နေထိုင်နိုင် စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းသားများ၏ဘဝရပ်တည်နေထိုင် ရေးအတွက်အကျိုးဖြစ်စေမည့်သင်တန်းဖြစ်ပြီး သင်တန်းမှသင်ကြားပို့ချပေး လိုက်သောသင်ခန်းစာများကိုသေချာစွာ လေ့လာအသုံးချ၍ မိမိဘဝတိုးတက်အောင်မြင်နိုင်ရေးအတွက်စနစ်တကျသင်ယူလေ့လာကာ အောင်မြင်သည့်ပန်းတိုင် ရောက်ရှိနိုင်အောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း၊ သင်တန်းပြီးစီးပါက သင်ယူရရှိခဲ့သည့်အသိပညာ၊ အတတ်ပညာနှင့်ကျွမ်းကျင်မှုများကိုအသုံးချပြီး မိမိ မိသားစု၊ ရပ်ရွာဒေသ၊ ပြည်နယ်နှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့် သင်ကြားပို့ချချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေးလုပ်ငန်းကော်မတီဝင်များ၊ သင်တန်းသားများက စုပေါင်းမှတ် တမ်းဓါတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းတွင် သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ကြပြီး လက်တွေ့လုပ်ငန်းနယ်ပယ်တွင် ကျွမ်းကျင်သင်တန်းနည်ပြများက အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းဘာသာရပ်ကို ရက်သတ္တပတ်(၄)ပတ်ကြာ စာတွေ့လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။