ဘားအံ - ဇန်နဝါရီ (၁၁)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ အမိတာရာမရဲကျောင်းတိုက်ရှိ ဗောဓိမဏ္ဍိုင်မြကံသာစေတီတော် မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နှင့်အသံမစဲမဟာပဋ္ဌာန်းဒေသနာတော် ရွတ်ဖတ်ပူဇော်ပွဲအောင်ပွဲအထိမ်းအမှတ် ဆွမ်းဆန် စိမ်းလောင်းလှူပွဲကို ဇန်နဝါရီလ ၁၁ ရက်နေ့ နံနက်ပိုင်းက အဆိုပါဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး နှင့် တာဝန်ရှိသူများ တက်ရောက်ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြ သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့် ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ တပည့်ဒါယကာ၊ဒါယိကာမများနှင့် ဧည့်ပရိသတ်အပေါင်းတို့က အမိတာရာမရဲကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဂုဏလင်္ကာရထံမှ ငါးပါး သီလခံယူဆောက်တည်ကြပြီး လူဖွယ်ဝတ္ထုပစ္စည်းများနှင့် နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းကြကာ လှူဒါန်းမှုအစုစု တို့အတွက် အနုမော ဒနာတရားနာကြား၍ ရေစက်သွန်းချအမျှပေးဝေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဆရာတော်ဘုရားကြီး၏တပည့်ဒါယကာ၊ဒါယိကာမများသည် အမိတာရာမရဲ ကျောင်းတိုက်ဆရာတော်ဘုရားကြီးနှင့်ဆရာတော်၊သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ဘားအံမြို့၊ အမိတာရာမရဲကျောင်းတိုက် ဗောဓိမဏ္ဍိုင်မြကန်သာစေတီတော်မြတ်ကြီး၏ (၃၁) ကြိမ် မြောက်ဗုဒ္ဓပူဇနိယပွဲတော် ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မွန်းတည့် ၁၂ နာရီက အဆိုပါ စေတီတော်ပရိဝုဏ်အတွင်း၌ ဆင်ယင်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိ၊မြို့ဖများ၊ ဘားအံမြို့ပေါ်ရှိ ဒါယကာ၊ ဒါယိကာမများနှင့်ဧည်ပရိတ်သတ်အပေါင်းတို့က အမိတာရာမရဲကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်၊ သံဃာတော်၊ သီလရှင်စုစုပေါင်း ၁၀၈ ပါးတို့အား ဆန်၊ ဆီ၊ ဆေး၊ ဆား အစရှိသော လှူဖွယ်ပစ္စည်းများအား ဆက်ကပ်လောင်းလှူခဲ့ပါသည်။