ဘားအံ - ဒီဇင်ဘာ (၄)
စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများတိုးတက်အောင်ဆောင်ရွက်၍ ကုန်ထုတ်လုပ်မှုနှင့်စက်မှုလုပ်ငန်းများပိုမို လည်ပတ်ဆောင်ရွက်နိုင်ရန် ကရင်ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးအေဂျင်စီ၏(၃/၂၀၂၄)ကြိမ်မြောက်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၄ ရက်နေ့မွန်းလွဲ ၂ နာရီ က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက MSMEလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးအရင်းအနှီး အပြင် အခြားလိုအပ်ချက်များဖြစ်သည့် နည်းပညာ၊ဈေးကွက်၊မြေနေရာ၊စက်ပစ္စည်းနှင့်လူ့စွမ်းအားအရင်းအမြစ်ရရှိရေး တို့ကို သက်ဆိုင်ရာဌာနများမှစဉ်ဆက်မပြတ်ဆောင်ရွက်သွားကြစေလိုပြီး လိုအပ်ချက်များရှိပါက အစိုးရအဖွဲ့သို့တင်ပြ ပေးကြရန်ပြောကြားပြီး အေဂျင်စီဥက္ကဋ္ဌ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစောခင်မောင်မြင့်က ပြည်နယ်အတွင်းရှိ စက်ရုံ၊ အလုပ်ရုံ၊ စက်မှုဇုန်များဖွံ့ဖြိုးတိုးတက်ရေး၊ ထုတ်ကုန်အားပေးရေး၊ သွင်းကုန်အစားထိုးရေးနှင့် ပို့ကုန်ရရှိရေး အစရှိသည့် ဒေသတွင်း MSME ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အတွင်းရေးမှူးက ပြည်နယ်အတွင်းမှတ်ပုံတင်ထားသော စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ SME Member Card ထုတ်ပေးထားမှု၊ MSME ချေးငွေလျှောက်ထားမှု၊ထုတ်ပေးမှုနှင့်ချေးငွေရရှိမှု၊ ပြည်နယ်၏ဆီစက်လုပ်ငန်းရှင်များ အခြေအနေတို့ကိုရှင်းလင်းတင်ပြပြီး တက်ရောက်လာသည့် ပြည်နယ်အဆင့်အေဂျင်စီများက MSME ဖွံ့ဖြိုးတိုးတက် ရေး ချေးငွေနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ ကုန်ကြမ်းရရှိမှုနှင့်ကုန်ချောထုတ်လုပ်မှုကဏ္ဍ၊ တန်ဖိုးမြင့်ကော်ဖီထုတ်ကုန်ကဏ္ဍ၊ အသားငါးထုတ်လုပ်မှုကဏ္ဍ၊ ဝါး၊ကြိမ်နှင့်လက်မှုပစ္စည်းထုတ်လုပ်မှုကဏ္ဍ၊ ဆန်စပါး၊ စားသုံးဆီ၊ ပဲအမျိုးမျိုး စိုက်ပျိုး ကြိတ်ခွဲထုတ်လုပ်မှုကဏ္ဍ၊ လျှပ်စစ်ဓာတ်အားသုံးစွဲခွင့်ရရှိရေးကဏ္ဍတို့ကိုဆွေးနွေးတင်ပြကြသည်
ယင်းနောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခင်အပတ်အစည်း အဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှု၊ သက်ဆိုင်ရာခရိုင်များအလိုက် စက်ရုံ/အလုပ်ရုံများ၏လုပ်ငန်းဆောင်ရွက်မှု၊ မှတ်ပုံတင် ထားသော MSME လုပ်ငန်းများ၊ နည်းပညာပေးသင်တန်းဖွင့်လှစ်မှု၊ စက်မှုကုန်ကြမ်းစိုက်ပျိုးမွေးမြူရေးနှင့်လက်မှု လုပ်ငန်းဆောင်ရွက်မှုများကိုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်အသေးစား၊အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနာယက ပြည်နယ် ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ပါသည်။