ဘားအံ - မတ် (၃၁)

            ကရင်ပြည်နယ်မီးသတ်ဦးစီးဌာနနှင့် ဘားအံတက္ကသိုလ်တို့ပူးပေါင်းဖွင့်လှစ်သည့် အကြိုအခြေခံမီးသတ်သင် တန်း(၁/၂၀၂၅)သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၈ နာရီက ဘားအံတက္ကသိုလ်၊ ပညာ့ရိပ်သာခန်းမ၌ ကျင်းပသည်။

            အဆိုပါသင်တန်းကို ဘားအံတက္ကသိုလ်မှ သင်တန်းသား၊သင်တန်းသူ ၄၄ ဦးသင်တန်းဆင်းခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အခြေခံမီးသတ်ပညာရပ်များကို သင်ကြားပေးချိန်တွင် တက်တက်ကြွကြွပါဝင်ဆောင်ရွက် ခဲ့ပြီး မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးလုပ်ငန်းများတွင် သင်တန်းမှသင်ကြားပေးလိုက်သည့်ပညာရပ်များကို မေ့လျော့မနေဘဲ တက်ကြွစွာဖြင့် မီးဘေးလုံခြုံရေးအတွက် မီးသတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းဆောင်ရွက်ကြစေ လိုကာ မီးသတ်တပ်ဖွဲ့ဝင်တိုင်းထားရှိရမည့် အခြေခံစိတ်ဖြစ်သော မီးမလောင်စေချင်သည့်စိတ်ဓာတ်၊ လောင်သည့်မီး အား အမြန်ဆုံးငြိမ်းစေလိုသောစိတ်ဓာတ်ကို အခြေခံပြီး မိမိပတ်ဝန်းကျင်ကို မီးဘေးအန္တရာယ်မှကင်းဝေးနိုင်ရေး အတွက် ဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ကသင်တန်းတွင်ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကသင်တန်းဆင်းလက်မှတ်များပေးအပ်ချီးမြှင့်ကာ ဘားအံတက္ကသိုလ်ပါမောက္ခချုပ် က သင်တန်းကိုအောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ သင်တန်းကို ပူးပေါင်းဖွင့်လှစ်ပေးသော ပြည်နယ်မီးသတ်တပ်ဖွဲ့အား ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းကာလအတွင်း လေ့ကျင့်သင်ကြားနေမှု Video clip ကို ကြည့်ရှုအားပေးခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူများ၏ လက်တွေ့သရုပ်ပြမီးငြိမ်းသတ်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(ဘားအံ)၊ ကရင်ပြည်နယ်စာကြည့်တိုက်ဖောင် ဒေးရှင်းနှင့်ပန်းချီပညာရှင်များပူးပေါင်းဖွင့်လှစ်သည့် နွေရာသီအခြေခံပန်းချီသင်တန်း၊ အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်း၊ အခြေခံကွန်ပျူတာသင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီက ဘားအံခရိုင်လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်ကို ဖွံ့ဖြိုးတိုးတက်စေခြင်း၏ အခြေခံလိုအပ်ချက်သည် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ပြီး ပညာတတ်ပေါကြွယ်ဝသည့် လူငယ်လူရွယ်များ လူသား အရင်းအမြစ်များလိုအပ်သည့်အတွက်ကြောင့် ယခုကဲ့သို့သင်တန်းများဖွင့်လှစ်ပေးရခြင်းဖြစ်ပြီး နည်းပြဆရာ၊ဆရာမ များ သင်ကြားပေးလိုက်သည့်သင်ခန်းစာများကို ပိုင်ပိုင်နိုင်နိုင်ကျွမ်းကျင်စေရန် ဆက်လက်ကြိုးစားပြီး ပြည်နယ်ဂုဏ် ကိုဆောင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားသည်။

            ထို့‌နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က သင်တန်းများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် သင်တန်းဆင်းလက်မှတ်များ ပေအပ်ချီးမြှင့်ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခြေခံအင်္ဂလိပ်စာ(Grammar) သင်တန်းသူများ က အင်္ဂလိပ်သီချင်းဖြင့် သီဆိုဖျော်ဖြေမှု၊ ကွန်ပျူတာသင်တန်းသား/သူများကိုယ်စားသင်တန်းသူတစ်ဦးက သာယာ လှပဇွဲကပင်မြေအလှ ခေါင်းစဉ်ဖြင့် Power Point အသုံးပြုရှင်းလင်းတင်ပြမှု၊ ကရင်ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းမှ စာကြည့်တိုက်ဖောင်ဒေးရှင်း၏ဖိတ်ခေါ်သံ တေးသီချင်းဖြင့် သီဆိုဖျော်ဖြေမှုတို့ကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများပေအးပ်ချီးမြှင့်ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ သင်တန်းဆင်းလက်ရာများကို လှည့်လည် ကြည့်ရှုအားပေးခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်၏မွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်မှုစွမ်းရည်တိုးတက်ရေးတွင် အဓိကလိုအပ် သည့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနက ဖွင့်လှစ်သော တိရစ္ဆာန်ကျန်းမာရေးအကူလုပ်သား(Community Animal Health Worker-CAHW) သင်တန်းဆင်းပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသင်တန်းခန်းမ ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် သင်တန်းမှသင်ကြားပေးလိုက်သော မွေးမြူရေး အခြေခံစာတွေ့၊လက်တွေ့ သင်ခန်းစာများကိုမေ့မေ့လျော့လျော့မထားဘဲ အကျိုးရှိအောင်အသုံးချရင်း အဆင့်မြင့် ပညာရပ်များကို ထပ်မံလေ့လာသွားကြစေလိုပြီး တတ်သိထားတဲ့ပညာရပ်များဖြင့် ကိုယ်တိုင်မွေးမြူနိုင်သကဲ့သို့ အခကြေးငွေရယူ၍ မွေးမြူရေး တောင်သူများကိုလည်းဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ကာ ဒေသတွင်း စားရေရိက္ခာဖူလုံ စေရေး၊ ပိုလျှံသည်များတင်ပို့ရောင်းချနိုင်ရေး၊ မွေးမြူရေးကဏ္ဍ မြှင့်တင် နိုင်ရေးအတွက် စည်းရုံး ဆောင်ရွက်ပေးကြ စေလိုကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမျူးဒေါက်တာတင်နွယ်ရီက သင်ကြားမှုနှင့်ပတ် သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းဆင်းလက်မှတ်များပေးအပ်ကာ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်က သင်တန်းသားများအတွက် တိရစ္ဆာန်သုံးဆေးဝါးများပေးအပ်ချီးမြှင့်ရာ သင်တန်းသား များကိုယ်စားသင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယနေ့သင်တန်းဆင်းပွဲတွင် ဘားအံမြို့နယ်နှင့်လှိုင်းဘွဲမြို့နယ်တို့မှ သင်တန်းသား ၃၀ ဦး သင်တန်းဆင်းခဲ့ ကြပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ ခင်းကျင်းပြသထားသော တိရစ္ဆာန်သုံး ဆေးဝါးများ၊ တိရစ္ဆာန်ထုတ်ကုန်ပစ္စည်းများကို ကြည့်ရှုအားပေးခဲ့ပါသည်။