ဘားအံ - မတ် (၂၄)
ဆရာ့အတတ်ပညာရပ်များကို ပညာရေးနယ်ပယ်တွင်လက်တွေ့အသုံးချအကောင်အထည်ဖော်နေကြသော ဆရာ၊ဆရာမများအား အရည်အချင်းထပ်မံမြှင့်တင်ပေးသောအားဖြင့် ပညာရေးနှင့်သင်ပြနည်းပညာဒီပလိုမာသင်တန်း (Dip.EP)အမှတ်စဉ်(၁/၂၀၂၅)ကို မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံပညာရေးဒီဂရီကောလိပ်၌ PPTT သင်တန်းတက်ရောက်အောင်မြင်ပြီးသော ဆရာ၊ဆရာမအင်အား(၁၃၀၁)ဦးဖြင့် ဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ဆရာ၊ဆရာမများအနေဖြင့် ယခုဖွင့်လှစ်သည့် သင်တန်းတွင် မိမိကိုယ်စွမ်း၊ ဉာဏ်စွမ်းများကို အစွမ်းကုန်စိုက်ထုတ်၍ တန်ဖိုးရှိသော ဆရာ့အတတ်ပညာရပ်များနှင့် ပြည့်စုံသည့် Expert Teacher မှသည် Leader Teacher များဖြစ်သည်အထိ ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး သင်တန်းအတွက် ငွေကျပ် ၁၃၀၁၀၀၀ဝိ/-(တစ်ရာ့သုံးဆယ်သိန်းတစ်သောင်းကျပ်)ကို သင်တန်းတက်ရောက်မည့် ဆရာ၊ဆရာမများထံ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ဘားအံပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ဆရာမကြီးက သင်တန်းဆိုင်ရာအချက်အလက်များ ရှင်းလင်းတင်ပြ၍ ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာ့ရိုးရာယဉ်ကျေးမှုအကအလှများဖြင့် ဖျော်ဖြေတင် ဆက်ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းသား၊သင်တန်းသူ ဆရာ၊ဆရာမများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယနေ့ဖွင့်လှစ်သည့်သင်တန်းကို လက်တွေ့တန်းပြကာလအပါအဝင် မတ်လ ၂၄ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့ထိ (၄)လကြာဖွင့်လှစ်သင်ကြားပို့ချသွားမည်ဖြစ်သည်။
ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပပြုလုပ်သော ၂၀၂၅ ခုနှစ် အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်ပွဲကို နံနက် ၈ နာရီခွဲက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အခြေခံပညာကျောင်းများတွင် ထက်၊လယ်မူအဆင့် သင်ကြားသင်ယူမှုပြီးဆုံးခဲ့သော ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက်ကာလတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရန် ၊ အင်္ဂလိပ်စာအခြေခံ ကောင်းများရရှိစေရန်၊ အင်္ဂလိပ်စာထူးချွန်သူများပေါ်ထွန်းလာစေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးချ၍ သင်တန်းပြီးဆုံးအောင်မြင်သည်အထိ ကြိုးစားသင်ယူကြ စေလိုကြောင်း ပြောကြားပြီး သင်တန်းချီးမြှင့်ငွေကျပ် ၃၉၁၆၈၀ဝိ/-(သုံးဆယ်ကိုးသိန်းတစ်သောင်းခြောက်ထောင် ရှစ်ရာကျပ်)ကို ပြည်နယ်ပညာရေးမှူးရုံးမှညွှန်ကြားရေးမှူးထံ ချီးမြှင့်ပေးအပ်သည်။
ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက နွေရာသီအင်္ဂလိပ်စာအခြေခံသင်တန်းဖွင့်လှစ်ရ ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းတက်ရောက်ကြမည့် သင်တန်းသား၊သင်တန်းသူ၊ ကျောင်းသား၊ကျောင်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကား များပြောကြားခဲ့ပါသည်။