ဘားအံ - မေ (၃)
မေလ(၅)ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့် မီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် စုပေါင်းသွေး လှူဒါန်းပွဲကို မေလ ၂ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ ပြည်နယ်ပြည်သူ့ဆေးရုံကြီး(ဘားအံ)၊ ရောဂါဗေဒဌာန၊သွေးလှူဘဏ်၌ ကျင်းပ သည်။
သွေးလှူဒါန်းပွဲတွင် ပြည်နယ်မီးသတ်တပ်ဖွဲ့မှူးဦးကျော်ကျော်ဦးစီး၍ သန္ဓေမီးသတ်တပ်ဖွဲ့ဝင် ၄၅ ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင် ၁၆ ဦး စုစုပေါင်း မီးသတ်တပ်ဖွဲ့ဝင် ၆၁ ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစန်းကို၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက သွေးလှူဒါန်းကြမည့်တပ်ဖွဲ့ဝင်များအား ပြည်နယ်ပြည်သူ့ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ကိုယ်အလေးချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ သွေးအမျိုးအစားခွဲခြားခြင်း နှင့်လိုအပ်သည့်ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးနေမှု၊ ကျန်းမာရေးဝန်ထမ်းများ၏အကူအညီဖြင့် သွေးသန့်များ ဖောက်ထုတ်လှူဒါန်းပေးနေမှုတို့ကို လိုက်လံကြည့်ရှုအားပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များအားရင်းနှီးနွေးထွေးစွာ တွေ့ဆုံ pအားပေး၍ အာဟာရဖြည့်စွက်အစားအစာများချီးမြှင့်ပေးအပ်ခဲ့ကြ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြည်သူ့ဆေးရုံကြီး သွေးလှူဘဏ်တွင် လှူဒါန်းထား သော သွေးသန့်များသိုလှောင်ထားရှိမှုအခြေအနေများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကာ ပြင်ပလူနာနှင့်အရေးပေါ်လူနာဌာနတွင် လာရောက်ကျန်းမာရေးစောင့်ရှောက်မှုခံယူနေသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၆)နှင့်အမှတ်(၇)ရပ်ကွက်ရှိ စောစံစီဖိုးလမ်း အား ပြည်နယ်ဘဏ္ဍာရန်ပုံငွေကျပ် ၉၅၅ ဒဿမ ၄ သန်းဖြင့် လမ်းဘေးဝဲယာနှစ်ဘက် ကျောက်စီရေမြောင်းပလက်ဖောင်း ပြုလုပ်ခြင်း ၄၅၆၀ ပေ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ ညွှန် ကြားရေးမှူးသူရမြင့်သူက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးများ သည့် ဒေသဖြစ်သည့်အတွက် မြို့ရွာရပ်ကွက်များအတွင်း ရေဝင်ရောက်မှုလျော့နည်းသက်သာစေရေး၊ ရေစီးရေလာကောင်း မွန်စေရေးအတွက် စနစ်တကျတွက်ချက်ဆောင်ရွက်ရန်နှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့ပါသည်။















