ဘားအံ - မတ် (၁၉)
မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကော့မူး တာကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)(၁၂၀ x ၃၀)ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို မတ်လ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ ဝင်များက (၁၂၀ x ၃၀)ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ဖွင့်ပွဲတွင်ပါဝင်အား ဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ် ကမ္ဗည်းကြေးပြားအား အမွှေးနံ့ သာရည်များ ပက်ဖျန်းပေးကြပြီး ကျောင်းဆောင်သစ်နှင့် ပရိဘောဂ၊ စာရေးစာပွဲ၊ စာသင်ခုံများ ပြည့်စုံလုံလောက်မှု ရှိ/မရှိ လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင် ရွက်ပေးခဲ့သည်။
ဆက်လက်၍ ကျောင်းဆောင်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျောင်းဆောင်သစ်အားတာဝန်ယူတည်ဆောက် ပေးသည့်ကုမ္ပဏီမှ ကျောင်းဆောင်သစ်ဆိုင်ရာစာရွက်စာတမ်းများအား ပြည်နယ်ပညာရေးမှူးထံ လွှဲပြောင်းပေးအပ် ကာ ကျောင်းအကျိုးတော်ဆောင်မိဘတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကျောင်းဆောင်သစ်ဖွင့်ပွဲသို့တက်ရောက်လာသော ကျောင်းအကျိုးတော်ဆောင်များ၊ ကျောင်းသားမိဘများ၊ ကျေးရွာသူ၊ကျေးရွာသားများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ကော့ကျိုက်-ကော့ပရံ-ဇာသပြင် အဖြောင့်လမ်းမကြီးဘေးရှိ တောင်သူဦးနိုင်ဝင်းအောင်၏ ကာကီကင်းဘဲလ် ၁၃၇၀၀ ကောင်၊ တောင်သူ ဒေါ်မိကြည်သန်း၏ DYL အသားတိုးဝက် ၂၀၀ ကောင် မွေးမြူရေးခြံများသို့ သွားရောက်ကြည့်ရှုအားပေးရာ မွေးမြူရေး တောင်သူများက မွေးမြူရေးဆိုင်ရာအလေ့အကျင့်ကောင်းများ အသုံးပြုမွေးမြူထားရှိမှုအခြေအနေများကို ရှင်းလင်း တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုထက်ပိုမိုတိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည်များမေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။