ဘားအံ - မတ် (၂၁)

            မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း(VDP)ရန်ပုံငွေနှင့် ပြည်သူထည့်ဝင်ငွေဖြင့်ဆောင်ရွက်သော အိန္ဒဲကျေးရွာအုပ်စု၊ ကော့ဝုန်းကျေးရွာ အဝင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို မတ်လ ၂၁ ရက်နေ့နံနက်ပိုင်းက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ကျင်းပသည်။

            အဆိုပါ ကော့ဝုန်းကျေးရွာကွန်ကရစ်လမ်းသစ်ကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များကဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းသစ်ဖွင့်ပွဲတွင် ပါဝင် အားဖြည့်ကူညီပေးကြသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုငွေများပေးအပ် ချီးမြှင့်ကာ အရှည် ၆ ဖာလုံ၊ အကျယ် ၁၂ ပေ၊ ထု ၆ လက်မရှိ ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးကြ သည်။

            ထို့နောက်ကျေးရွာအဝင်လမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦးက ကိုယ့်အားကိုယ်ကိုးစိတ်ဓါတ် မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကိုတန်ဖိုးထားကြကာ အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေး ရန်လိုအပ်သည့်ဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများအသီးသီးနှင့်ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိ ဒေသဖွံ့ဖြိုးအောင် ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးညွှန်ကြားရေးမှူး ဦးဝင်းနိုင်က ကွန်ကရစ်လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကာ ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြော ကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံပြည်သူများအား ရင်းနှီး နွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား၊ကျောင်းသူ  ၄၄၉ ဦး က တက္ကသိုလ်ဝင်စာမေးပွဲ ရူပဗေဒဘာသာရပ်နှင့် သမိုင်းဘာသာရပ် များကို စိတ်အေးချမ်းသာစွာဖြေဆိုနေမှုများအား လှည့်လည်ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးပူးပေါင်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲ လုပ်ငန်းများ အနှောင့်အယှက်မဖြစ်စေရေးအထူးဂရုပြုဆောင်ရွက်ကြရန်၊ တာဝန်ဝတ္တရားများကိုကျေပွန်စွာ ဆောင် ရွက်၍ စာမေးပွဲစည်းမျဉ်း၊စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်း ပူးပေါင်း ဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများအားမှာကြားခဲ့ပါသည်။