ဘားအံ - မတ် (၁၀)

            နှစ်(၈၀)ပြည့်တပ်မတော်နေ့ကိုကြိုဆိုဂုဏ်ပြုသေားအားဖြင့် ကရင်ပြည်နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်သော လှာကာ-ဖားပု-ကျုံပိုက်-ခဲတောက်-မုက္ကဒိလမ်းပေါ်ရှိ ပေ(၈၀)သံကူကွန်ကရစ် တံတားဖွင့်ပွဲကို မတ်လ ၁၀ ရက်နေ့ နံနက်(၈)နာရီက ဘားအံမြို့နယ်၊ခဲတောက်ကျေးရွာရှိ အဆိုပါသံကူကွန်ကရစ် တံတားထိပ်၌ ကျင်းပသည်။

            အဆိုပါတံတားကို ကရင်ပြည်နယ်အစိုးရအဖွဲ့ခွင့်ပြုရန်ပုံငွေကျပ် ၃၁၉ ဒဿမ ၀၇၂ သန်းဖြင့် ဘားအံခရိုင် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသော ယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့် ကာ တံတားအား ဖြတ်သန်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ဆက်လက်၍ မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီ၏ မတည် ထောက်ပံ့ငွေကျပ်သိန်း(၁၅၀)နှင့် ပြည်သူလူထုထည့်ဝင်ငွေများဖြင့် တည်ဆောက်ခဲ့သော ဘားအံမြို့နယ်၊ မုက္ကဒိကျေး ရွာအုပ်စု အဲဆိုပညာစာကြည့်တိုက်ဖွင့်ပွဲကို နံနက် ၉ နာရီက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ ပြည်နယ်ဝန်ကြီး ချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကျေးရွာစာကြည့် တိုက်ကော်မတီဝင်တစ်ဦးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များနှင့်စုပေါင်း မှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အဲဆိုပညာစာကြည့်တိုက် ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များပက်ဖျန်းပေးကြပြီး သုတ၊ရသ စာအုပ်စာစောင်ပေါင်း ၆၅၀ အုပ်ခန့်အား ပညာရပ်အလိုက် စနစ် တကျစင်တင်ထားရှိမှု၊ ကျေးရွာသူ၊ကျေးရွာသားများ၏ စာအုပ်စာစောင်များလေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည် ကြည့်ရှုအားပေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့သည်။        

            ယင်းနောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က စာကြည့် တိုက်များသည် လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ လူမျိုးဘာသာမခွဲခြားဘဲ ဗဟုသုတရှာမှီးရာနေရာတစ်ခု လည်းဖြစ်သည့်အတွက်ကြောင့် စာကြည့်တိုက်မှစာအုပ်စာပေများကိုဖတ်ရှုပြီး ဘဝတိုးတက်အောင်မြင်အောင်၊ မိမိတို့ ၏အနာဂတ်မျိုးဆက်သစ်လူငယ်များကိုလည်း အစဉ်အမြဲစာပေဖတ်ရှုလေ့လာနိုင်အောင်၊ စာဖတ်များအောင် ဝိုင်းဝန်း တိုက်တွန်းပေးကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် စာကြည့်တိုက်အတွက် စေတနာရှင်အလှူရှင်များက ငွေပဒေသာပင်(၆၅)သိန်းကို ပြည်နယ်ဝန်ကြီး ချုပ်ထံပေးအပ်လှူဒါန်းကြရာ ပြည်နယ်ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ပြီး ကရင်ပြည်နယ် စာကြည့်တိုက်များဖောင်ဒေးရှင်းမှ သုတ၊ရသစာအုပ်စာစောင်အုပ်ရေ ၁၀၀၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနက စာအုပ်စာစောင်အုပ်ရေ(၅၀)ကို ပြည်နယ်လူမှုရေးဝန်ကြီးထံ ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးက ဂုဏ်ပြု မှတ်တမ်းလွှာများပြန်လည်ပေးအပ်သည်။

            ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးက စာကြည့်တိုက်ဖွင့်လှစ်မှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဘားအံမြို့နယ်အုပ်ချုပ်ရေးမှူးက စာကြည့်တိုက်အဆောက်အအုံနှင့်ပတ်သက်သည့် စာရွက်စာတမ်းများ၊ စာအုပ်စာစောင်နှင့်ပရိဘောဂများကို စာကြည့်တိုက်ကော်မတီထံလွှဲပြောင်းပေးအပ်ကာ ရပ်မိ ရပ်ဖတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဆောင်ရွက်သော မုက္ကဒိ-မိကရင်လမ်း(မိကရင်လမ်းပိုင်း) ကျောက်ချောလမ်း နှစ်မိုင် ၁၀၀ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးမှု၊  ၆၀ ပေ သံကူကွန်ကရစ်တံတားတစ်စင်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးမှုနှင့် ၊ Box Culvert တစ်စင်း ၁၀၀ ရာခိုင်နှုန်းတည်ဆောက်ပြီးစီးခြင်းလုပ်ငန်း၊ မုက္ကဒိ-မိကရင်လမ်း (မိကရင်လမ်းပိုင်း)သံလွင်မြစ်ကမ်းပြိုသည့်နေရာများအား ကမ်းပြိုကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်နှင့် အိပ်မက်တံတားကြံ့ခိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြား ခဲ့ပါသည်။