ဘားအံ - နိုင်ဝင်ဘာ (၇)
နှစ်စဉ်ကျင်းပမြဲဖြစ်ပြီး ကရင်တိုင်းရင်းသားလူမျိုးများ၏ နေ့ထူးနေ့မြတ်ဖြစ်သော (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အခမ်းအနားကို နိုဝင်ဘာလ ၇ ရက်နေ့ နံနက် ၇ နာရီ ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့ မြက်ခင်းပြင်၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအောင်ကြည်သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်၊ မွန်၊ တနင်္သာရီတို့မှ တိုင်းရင်းသားရေးရာဝန်ကြီးများ၊တိုင်းရင်းသားလက်နက် ကိုင်ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ် စားလှယ်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများတက်ရောက်ခဲ့ကြပြီး သဘာပတိအဖွဲ့ဝင်များနေရာယူအပြီးတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အလံနှင့် ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများနှင့်ရဲဘော်အပေါင်းတို့အား အလေးပြုကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှပေးပို့သည့် ၂၀၂၄ ခုနှစ် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ်သဝဏ်လွှာကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်ကဖတ်ကြားပြီး ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက နှုတ်ခွန်းဆက် အမှာစကားပြောကြားသည်။
ဆက်လက်၍ ၂၀၂၄ ခုနှစ် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများ ဖွင့်ပွဲ အခမ်းအနားကိုကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်နယ်ခြားစောင့်တပ်ဗဟိုအကြံပေးနှင့်ကွပ်ကဲရေးအဖွဲ့(BGF)အထွေထွေအတွင်းရေးမှူးစောချစ်သူ၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(ငြိမ်းချမ်းရေးကောင်စီ)KNU/KNLA(PC) ဒုတိယဥက္ကဋ္ဌဒေါက်တာနော်ကပေါ်ထူး၊ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)မှစောစိန်ဝင်း၊ ကရင်ပြည် နယ်ဝန်ကြီးချုပ်(ငြိမ်း)ဦးဇော်မင်းနှင့် မြို့မိမြို့ဖ ဦးစောဖိုးနီတို့က (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးနှင့်ပြခန်းများကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်က (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးအား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးသည်နှင့်တစ်ပြိုင်နက် ကရင်ပြည်နယ်ကြီး ငြိမ်းချမ်းပါစေ (၃)ကြိမ်ရွတ်ဆိုကြွေးကြော်(ဆုတောင်း)၍ ငြိမ်းချမ်းရေးချိုးဖြူငှက်(၆၉)ကောင်ကို လွတ်ပေးခဲ့ကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ၊ ပြည်ထောင်စုဝန်ကြီး၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် နှင့်အစိုးရအဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တိုင်းရင်းသားလက်နက်ကိုင် ငြိမ်းချမ်းရေးအဖွဲ့အစည်း များမှကိုယ်စားလှယ်များနှင့် အခမ်းအနားသို့တက်ရောက်လာသော တိုင်းရင်းသားပြည်သူများက ဌာနဆိုင်ရာပြခန်း များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုပြခန်းများ၊ ဒေသထွက်ကုန်အရောင်းပြခန်းများ၊ အသေးစား၊ အငယ်စား၊ အလတ် စား စက်မှုလက်မှုထုတ်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့ကိုဂုဏ်ပြုသောအားဖြင့် ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံ ပန်းမန်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန ပြခန်း၌ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က တန်ဖိုးမြှင့်သီးနှံများ ဈေးကွက် အလားအလာရှိသည့်သီးနှံများကို ထုတ်လုပ်နိုင်မှသာ ဒေသတွင်းဝမ်းစာဖူလုံပြီး ပိုလျှံသည်များကိုရောင်းချခြင်းဖြင့် ဝင်ငွေတိုးတက်ရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဆုများကိုပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သီးနှံအမျိုးအစားအလိုက်အုပ်စု(၄)စုခွဲခြားပြီး သီးနှံအမျိုး အစားပေါင်း(၄၀)ကျော်ဝင်ရောက်ယှဉ်ပြိုင်သည့်အနက်မှ ပထမဆုရရှိသည့်သီးနှံများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှေလှော်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ ကြပြီး ဗိုလ်လုပွဲစဉ်များအဖြစ် အမျိုးသား/အမျိုးသမီး (၅) တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲနှင့် (၂၀)တက် နဂါးလှေလှော်ပြိုင်ပွဲတို့၏ ယှဉ်ပြိုင်လှော်ခတ်နေမှုများကို ကြည့်ရှုအားပေးကြသည်။
ယင်းနောက် ဆုပေးပွဲအခမ်းအနားကိုဆက်လက်ကျင်းပရာ ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် ရေပြင်အသက် ကယ်အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့က အမျိုးသား/အမျိုးသမီး(၅)တက်လှော်ပြိုင်ပွဲ၊ (၇)တက်လှော်ပြိုင်ပွဲနှင့်(၂၀)တက်နဂါးလှေလှော် ပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြသူများအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ဂုဏ်ပြုချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ပြည်နယ် ဂုဏ်ထူးဆောင်လက်မှတ် နှင့်ဆုပစ္စည်းမျာချီးမြှင့်အပ်နှင်းသည့်အခမ်းအနားကို မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကရင်ပြည်နယ်၏ တိုးတက်ကောင်းမွန်ရေး အစဉ်ကြိုးစားနေကြသူများ အနက် ဂုဏ်ပြုထိုက်သူများဂုဏ်ပြုနိုင်ရေး ကော်မတီအဆင့် ဆင့်၏စိစစ်ကြီးကြပ်ရွေးချယ်မှုဖြင့် မိမိကိုယ်ကိုဂုဏ်ယူ နိုင်စေရန်၊ အခြားသူများလေးစားအားကျအတုယူနိုင်စေရန်နှင့် ထူးချွန်သူများပေါ်ထွန်း၍ ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန် ရည်ရွယ်ချီးမြှင့်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ ခေါင်းဆောင်ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စီမံခန့်ခွဲရေး၊ လူမှုရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ ပညာရေး၊ စက်မှုနှင့်နည်းပညာ၊ မွေးမြူရေး၊ အမျိုးဘာသာသာသနာ အစရှိသည့်ကဏ္ဍများအတွက် ဂုဏ်ထူးဆောင်ဆုပေါင်း(၇၅)ဆုကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၆ ရက်နေ့ ညခင်းပိုင်းက ဘားအံမြို့ သီရိကွင်း၊ ဒုံးစင်မြင့်၌ (၆၉)နှစ်မြောက်ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲ ဒုတိယနေ့အဖြစ်ယှဉ်ပြိုင်လျက်ရှိသော ပြိုင်ပွဲဝင်ဒုံးအဖွဲ့(၁၀)ဖွဲ့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ယှဉ်ပြိုင်ကပြ ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။