ဘားအံ - နိုဝင်ဘာ (၈)
နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ တိုင်းရင်းသားရေးရာဒုတိယ ဝန်ကြီးဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်းအောင်မြင့် နှင့်ပြည်နယ်အစိုးရအဖွဲ့ ဝင်များသည် နိုဝင်ဘာလ ၈ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ တရုတ်လှကျေးရွာ၊ တရုတ်လှလျှပ်စစ်မြစ်ရေတင်၌ သံလွင်မြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ပြည်နယ်အတွင်းရှိ ဘားအံငါးလုပ်ငန်းစခန်းနှင့်ကျုံဒိုး ငါးလုပ်ငန်းစခန်းတို့မှ (၂)လက်မအရွယ် ငါးသားပေါက်ကောင်ရေ ၁၃ သိန်းကိုထုတ်လုပ်ပြီး ၅ ဒဿမ ၂ သိန်းကို သဘာဝမြစ်ချောင်းများအတွင်း ငါးမျိုးစိုက်ထည့်သွားရန်လျာထားဆောင်ရွက်ခဲ့ရာ ယခုအခါ ငါးသားပေါက်ကောင်ရေ ၇ သိန်းကိုငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကာ ယနေ့တွင် ငါးသားပေါက်ကောင်ရေတစ်သိန်းကို ငါးမျိုးစိုက်ထည့်မည် ဖြစ်သည့်အတွက် ယခုနှင်လျာထားချက်အပေါ် ရာနှုန်းပြည့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း ငါးမျိုး စိုက်ထည့်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့်အဖွဲ့သည် လူမှုရေးအသင်း အဖွဲ့များ၊ ကျေးရွာနေပြည်သူများနှင့်အတူ ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသည့် ၂ လက္မအောက်ခံ အရွယ်ရှိသည့် ငါးမြစ်ချင်းကောင်ရေငါးသောင်း၊ ငါးခုံးမကြီးကောင်ရေငါးသောင်း စုစုပေါင်းကောင်ရေတစ်သိန်းကို သံလွင်မြစ်အတွင်း ငါးမျိုးထည့်ပေးခဲ့ကြသည်။
ယခုစိုက်ထည့်ပေးခဲ့သောငါးမျိုးများသည် သံလွင်မြစ်နှင့် ဆက်စပ်ရေပြင်များအတွင်း ရှင်သန်ကြီးထွားပေါက် ပွားပြီး ပတ်ဝန်းကျင်ဒေသများတွင်နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ အလွယ်တကူဖမ်းယူစားသုံး နိုင်မည်ဖြစ်ကာ ဒေသ၏ငါးထုတ်လုပ်မှုတိုးတက်စေရေးအတွက် ရေနေသယံဇာတများကိုထိန်းသိမ်း၍ ငါးရိက္ခာဖူလုံပြီး စဉ်ဆက်မပြတ်စားသုံးနိုင်စေရန် ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်နှင့်အဖွဲ့သည် တရုတ်လှ လျှပ်စစ်မြစ်ရေတင်လုပ်ငန်း 37 KW Motor (၄)စုံဖြင့် သံလွင်မြစ်မှရေကိုလျှပ်စစ်ဖြင့်စုပ်တင်၍ စိုက်ပျိုးရေပေးဝေနေ မှုအခြေအနေများကို ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက မြစ်ရေတင်အကျိုးပြုဧရိယာ အတွင်း ရာသီအလိုက်သီးနှံစိုက်ပျိုးထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှုအခြေအနေ၊ စိုက်ပျိုးသီးနှံများအတွက် စွမ်းအားပြည့်စိုက်ပျိုးရေပေးဝေနိုင်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ နိုင်ငံတော်စီ မံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က လိုအပ်သည်များမှာကြားသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် များသည် ဘားအံမြို့နယ်၊ နောင်ခရိုင်ကျေးရွာ၌ ကျင်းပသည့် မိုးစပါးစိုက်ခင်းများအား သဘာဝမြေဩဇာနှင့် ဓာတ်မြေ ဩဇာများအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်းကွင်းသရုပ်ပြပွဲနှင့်မြေဩဇာများထောက်ပံ့ပေးအပ်ပွဲအခမ်းအနားတွင် နောင်ခရိုင်၊ ထောင်ဝိ၊ ကော့လှိုက်၊ ကော့သင်းရှူး၊ ရဲသာ(ကမော့ကစင်)၊ ကော့ထမလိန်း၊ တော်ပုံ၊ လှိုင်ကမ္ဘာ ကျေးရွာ များမှတောင်သူများနှင့်တွေ့ဆုံ၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ ငြိမ်းချမ်းရေးကြိုးပမ်းဆောင်ရွက်မှုများကို ရှင်းလင်းပြောကြားပြီး လယ်ယာမြေများ၏မြေဆီလွှာကို ပြုပြင်နိုင်ရန် ဓါတ်မြေဩဇာသုံးစွဲခြင်းကိုလျော့ချ၍ သဘာဝမြေဩဇာများကို တွင်တွင်ကျယ်ကျယ်သုံးစွဲကြရန်၊ လယ်ယာမြေများ၌မြေဩဇာကိုကောင်းမွန်စေသော ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ကို ကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုး အသုံးပြုကြရန်နှင့် တောင်သူများနားလည်သဘောပေါက်လက်ခံလာအောင် တာဝန်ရှိသူအဆင့်ဆင့်က ဦးစီးဦးဆောင် ပြု၍ စည်းရုံးဆောင်ရွက်ကြရန် အကြံပြုတိုက်တွန်းပြောကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင်ဦးစောထွန်းအောင်မြင့်နှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က တောင်သူများအား ဓါတ်မြေဩဇာနှင့်သဘာဝမြေဩဇာ စုစုပေါင်း အိတ်(၃၀၀)ကို ထောက်ပံ့ပေးအပ်ကြပြီး တောင်သူများ၏ မိုးစပါးစိုက် ခင်းများအတွင်း သဘာဝမြေဩဇာနှင့်ဓာတ်မြေဩဇာများအချိုးကျရောစပ်စုပေါင်းကြဲပက်ခြင်း ကွင်းသရုပ်ပြပွဲအား ကြည့်ရှုအားပေးခဲ့ကြကာ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အလားတူ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ တိုင်းရင်းသားရေးရာ ဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစောထွန်း အောင်မြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် နိုဝင်ဘာလ ၇ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံမြို့၊ ကရင်ကျောင်းသား များရိပ်သာရှေ့ရှိ ဘောလုံးကွင်း၌ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ရိုးရာလှက်ဝှေ့ပြိုင်ပွဲ စာချုပ်စိန် ခေါ်ပွဲများ ယှဉ်ပြိုင်ထိုးသတ်နေမှုများကို ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်က စာချုပ်စိန်ခေါ်ပွဲ ခေါင်ပွဲစဉ်အဖြစ် ရန်နိုင်ထွန်း(ဇွဲကပင်မြေ)နှင့်အောင်ခိုင်(ဘိလပ်မြေစက်ရုံ)တို့၏ သရေရလဒ်ထွက်ပေါ်မှုအား တစ်ဦးလျှင်ငွေကျပ်သိန်း(၅၀)စီ ချီးမြှင့်ပေးအပ်သည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်၊ ခွန်စံလွင်၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ တိုင်းရင်းသား ရေးရာဒုတိယဝန်ကြီးဦးဇော်အေးမောင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဗဟိုအကြံပေးအဖွဲ့ခေါင်းဆောင် ဦးစော ထွန်းအောင်မြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဘားအံမြို့၊ သီရိကွင်း၊ ဒုံးစင်မြင့်၌ (၆၉)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲတတိယညအနေဖြင့် ဒုံးအဖွဲ့(၉)ဖွဲ့တို့၏ မြူးကြွသွက်လက်မြိုင်ဆိုင်စွာ ကပြယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးပြီး နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်မန်းငြိမ်းမောင်က ဒုံးအဖွဲ့များ အတွက် ငွေကျပ်(၁၀)သိန်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်ခွန်စံလွင်က(၁၀)သိန်း၊ တိုင်းရင်းသားလူမျိုးများ ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးJeng Phang နော်တောင်က (၁၀)သိန်း၊ ဒုတိယဝန်ကြီးဦးဇော်အေးမောင်က (၉)သိန်း အသီးသီးဂုဏ်ပြုဆု များပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။