ဘားအံ - ဖေဖော်ဝါရီ (၁၇)

            ၂၀၂၅ ခုနှစ်၊ မတ်လ (၂)ရက်နေ့တွင်ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃)မှ တာဝန်ယူတည်ဆောက်သော ညွှန်ကြားရေးမှူးအိမ်ရာ (၂)ခန်းတွဲ(၄)ထပ်အဆောက်အဦသစ်(၂)လုံးဖွင့်ပွဲကို ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်(၈)နာရီက ဘားအံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ အဆိုပါအဆောက်အဦများ ရှေ့၌ ကျင်းပသည်။

            ဦးစွာ ညွှန်ကြားရေးမှူးအိမ်ရာ(၅၆ပေ x ၅၀ပေ)(၂)ခန်းတွဲ(၄)ထပ်အဆောက်အဦသစ်(၂)လုံးအား ကရင်ပြည် နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး အဆောက်အဦသစ်ကမ္ပည်းကြေးပြားအား အမွှေးနံ့ သာရည်များပက်ဖျန်းပေးကြကာ အဆောက်အဦသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

            ယင်းနောက် အဆောက်အဦသစ်လွှဲပြောင်းပေးအပ်သည့်အခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး အဆောက်အဦဦးစီးဌာန၊ အဆောက်အဦအထူးအဖွဲ့(၁၃) ဒုတိယ ညွှန်ကြားရေးမှူးက အဆောက်အဦသစ် နှင့်ပတ်သက်သည့်မှတ်တမ်း၊ စာရွက်စာတမ်းများကို ခေတ္တပြည်နယ် အုပ်ချုပ်ရေးမှူးထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

            ဆက်လက်၍ ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ မြပညာ(အလင်းသစ်စာကြည့် တိုက်)ဖွင့်ပွဲနှင့် လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အဆိုပါစာကြည့်တိုက်ရှေ့၌ ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ တို့က စာကြည့်တိုက်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် က စာကြည့်တိုက်ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးကာ တာဝန်ရှိသူများနှင့်အတူကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် စာအုပ်စာစောင်ပေါင်း ၃၀၀၀ ခန့်နှင့် ပရိဘောဂများ စုံလင်စွာပါရှိသော မြပညာ(အလင်းသစ်)စာကြည့်တိုက်အတွင်း ကျောင်းသား၊ကျောင်းသူများ စာပေလေ့လာဖတ်ရှု နေမှုနှင့် စာအုပ်စာစောင်များအား ပညာရပ်အလိုက်စနစ်တကျ ခင်ကျင်းထားရှိမှုအခြေအနေများကို လှည့်လည် ကြည့်ရှုအားပေးကာ တာဝန်ရှိသူများအားလိုအပ်သည်များမှာကြားသည်။

            ယင်းနောက် ကျောင်းစာကြည့်တိုက်သစ်လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားကို အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း မြသံလွင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပြီး ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များက စာကြည့်တိုက်ဆိုင်ရာ စာရွက်စာတမ်းများအား ကျောင်းအုပ်ဆရာမကြီး ထံလွှဲပြောင်းပေးအပ်ကြသည်။

            ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ကရင်ပြည်နယ်စာ ကြည့်တိုက်များဖောင်ဒေးရှင်း တို့မှတာဝန်ရှိသူများက စာအုပ်စာစောင်များပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် က ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ပြီး ပြည်နယ်လူမှုရေးရာဝန်ကြီးက စာကြည့်တိုက်ဖြစ်မြောက်ရေးထည့်ဝင်လှူဒါန်းပေးကြသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

            ယင်းနောက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(ဘားအံ)မှ ကျောင်းသား၊ကျောင်းသူများက တေးသီချင်းများသီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။