ဘားအံ - မတ် (၂၀)

            တတိယအကြိမ် ကရင်ပြည်နယ်လွှတ်တော်ပထမပုံမှန်အစည်းအဝေး ပထမနေ့ကို မတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ အစည်းအဝေးသို့တက်ရောက်ခွင့်ရှိသူ ၂၃ ဦးအနက် ပျက်ကွက်သူမရှိ ရာနှုန်းပြည့်တက်ရောက်ခဲ့ကြသည်။

            အစည်းအဝေးတွင် ဘားအံမြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစောမြင့်ဦး အား သဘာပတိအဖြစ် တင်မြှောက်ကြပြီး သဘာပတိက လွှတ်တော်ရှေ့မှောက်တွင် ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင်လက်မှတ်ရေးထို ကာ သဘာပတိက နှုတ်ခွန်းဆက်စကားပြောကြားသည်။

            ထို့နောက် အစည်းအဝေးအထမြောက်ကြောင်းနှင့်စတင်ကျင်းပကြောင်း သဘာပတိက ကြေညာပြီး သဘာပတိ ရှေ့မှောက်တွင် လွှတ်တော်ကိုယ်စားလှယ်များက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးကြကာ သဘာပတိကအစည်းအ‌ဝေးကိုကြီးကြပ်၍ လွှတ်တော်ဥက္ကဋ္ဌအဖြစ် သံတောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ်(၁) ဦးစန်းကိုအားလည်းကောင်း၊ လွှတ်တော်ဒုတိယဥက္ကဋ္ဌအဖြစ် မြဝတီမြို့နယ်လွှတ်တော်ကိုယ်စားလှယ် အမှတ် (၁) ဦးအေးမင်းထွေးအားလည်းကောင်း အမည်စာရင်းသွင်းထောက်ခံ၍ တင်မြှောက်ခဲ့ကြသည်။

            ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌနှင့်ဒုတိယဥက္ကဋ္ဌ တို့က သဘာပတိရှေ့မှောက်တွင် ကတိသစ္စာပြုကြပြီး ကတိသစ္စာ ပြုလွှာပေါ်တွင်လက်မှတ်ရေးထိုး၍ သဘာပတိက ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌအား လွှတ်တော်အစည်းအဝေးဆိုင်ရာ လုပ်ငန်းတာဝန်များကိုလွှဲပြောင်းပေးအပ်ကာ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစန်းကိုက နှုတ်ခွန်းဆက်အမှာစကားပြော ကြားခဲ့ပါသည်။