ဘားအံ - ဖေဖော်ဝါရီ (၆)
(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ ဘားအံမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေကျပ် ၁၀၇ ဒဿမ ၈၅၇ သန်းဖြင့် ရာမညအောင်ကုမ္ပဏီမှတာဝန်ယူဆောင်ရွက်သော ကရင်ဖာလင် ကျေးရွာကုန်ထုတ်လမ်းသစ်ဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီက အဆိုပါကုန်ထုတ်လမ်း မုခ်ဦး တည်နေရာ၌ကျင်းပသည်။
ကရင်ဖာလင်ကျေးရွာကုန်ထုတ်လမ်းမှာ မိုးရာသီတွင်ရေလွှမ်းမိုးမှုရှိသဖြင့် ထုတ်ကုန်များအလွယ်တကူသယ် ပို့နိုင်မှုမရှိခြင်းကြောင့် စိုက်ပျိုးတောင်သူများအတွက်ထုတ်ကုန်များသယ်ယူရာတွင် လျင်မြန်ချောမွေ့စွာသယ်ယူပို့ ဆောင်နိုင်ရန် လမ်းအရှည် ၁ မိုင်နှင့် Box Culvert (၂)စင်းအား လမ်းသားမြှင့်တင်၍အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ စိုက်ဧကပေါင်း ၂၀၀ ကျော်ကိုအကျိုးပြုနိုင်မည်ဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။
ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ်တွင် ပြည် ထောင်စုနှင့်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကျေးလက်ကုန်ထုတ်လမ်း(၂၈)လမ်း၊ လမ်းအရှည်(၂၃)မိုင်(၀ဒဿမ၉)ဖာလုံ၊ ကုန်ထုတ်တံတားနှင့်အခြားလုပ်ငန်း(၆၁)ခု အရှည်ပေပေါင်း ၄၈၅ ပေ၊ ကျေးလက်ရေပေးရေးလုပ်ငန်း (၄၆)ခု၊ ဆိုလာ စနစ်သုံးစိုက်ပျိုးရေရရှိရေးလုပ်ငန်း(၂)ခု၊ (၂)ခန်းတွဲယင်လုံအိမ်သာတည်ဆောက်ခြင်းလုပ်ငန်း(၄၇)ခု၊ စီမံကိန်းလုပ် ငန်းများအနေဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း(၆)ရွာ၊ VDP စီမံကိန်း(၅၃)ရွာ၊ ခေတ်မီစံပြကျေးရွာထူထောင်ရေးစီမံ ကိန်း(SMART Village)(၂)ရွာနှင့် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေထူထောင်ခြင်းစီမံကိန်း(RBF)(၃)ရွာတို့ကို အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည်။
ထို့နောက် ကုန်ထုတ်လမ်းဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကိုယ့်အားကိုယ်ကိုးစိတ်ဓာတ် မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်လိုစိတ်များမွေးမြူကြပြီး ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ် ငန်းများကို တန်ဖိုးထားကြရန် အကျိုးရှိရှိအသုံးပြုကြရန်နှင့် နိုင်ငံတော်အစိုးရကဆောင်ရွက်ပေးရန်လိုအပ်သည့် ဖွံ့ဖြိုး ရေးလုပ်ငန်းများကိုလည်း သက်ဆိုင်ရာဌာနများအသီးသီးနှင့်ပေါင်းစပ်တင်ပြဆောင်ရွက်ခြင်းဖြင့် မိမိဒေသဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ယင်းနောက် ပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးဦးဝင်းနိုင်က ကုန်ထုတ် လမ်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ဒေသခံပြည်သူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ကုန်ထုတ်လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ဒေသခံတိုင်းရင်းသား ပြည်သူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။