ဘားအံ - နိုဝင်ဘာ (၂၉)

ကရင်ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏(၂/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က ကုန်ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး၊ ကုန်ဈေးနှုန်းတည်ငြိမ်ရေးအတွက် စီမံ ဆောင်ရွက်၍ရသည့်နည်းလမ်းများဖြင့် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်ကြဖို့လိုမည်ဖြစ်ပြီး ဖွဲ့စည်းထားသော ကော်မတီအဆင့်ဆင့်မှ ကဏ္ဍစုံပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ကုန်ဈေးနှုန်းလျော့နည်းကျဆင်းစေမည်ဖြစ်ကြောင်း၊ စားသုံးသူအရေအတွက်နှင့်ထုတ်လုပ်မှုအရေအတွက်ညီမျှမှုရှိဖို့လိုပြီး ပိုမိုစိုက်ပျိုး၊မွေးမြူထုတ်လုပ်ခြင်းဖြင့် ကုန်ဈေး နှုန်းကြီးမြင့်မှုကိုလျော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ယခင်အပတ် (၁/၂၀၂၄) အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ ဝင်များကဖြည့်စွက်ဆွေးနွေးတင်ပြကာ ပြည်နယ်ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးစီမံကြီးကြပ်မှုအဖွဲ့ အတွင်းရေးမှူး က စားသုံးဆီ၊ ဆန် အစရှိသောအခြေခံစားကုန်များအား သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနေမှု၊ စိုက်ပျိုး မွေးမြူရေးထုတ်ကုန်ကိုအခြေခံသည့် MSME လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးကြိုးပမ်းဆောင်ရွက်နေမှုများကို လည်း ကောင်း၊ ပြည်နယ်ကုန်ဈေးနှုန်းစစ်ဆေးရေးအဖွဲ့ အတွင်းရေးမှူးက ဈေးကွက်အတွင်း အသား၊ ငါး၊ ဥအမျိုးမျိုးနှင့် စားဖိုဆောင်သီးနှံများ ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကြိုးပမ်းဆောင်ရွက်နေမှုများကိုလည်းကောင်း၊ ပြည်နယ်ကုန် စည်စီးဆင်းမှုမှန်ကန်မြန်ဆန်စေရေးကြီးကြပ်မှုအဖွဲ့အတွင်းရေးမှူးက တရားမတင်ကုန်စည်စီးဆင်းမှုမရှိစေရေး အရေးယူဆောင်ရွက်မှုအခြေအနေများကိုလည်းကောင်း၊ ပြည်နယ်စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များတိုးတက်ဖော် ဆောင်ရေးအဖွဲ့အတွင်းရေးမှူးက  စိုက်ပျိုးသီးနှံများတစ်ဧကအထွက်နှုန်းတိုးတက်ရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီ ကျော်လွန်ရေး၊ ကုန်ထုတ်လုပ်မှုဆိုင်ရာရင်းနှီးစရိတ်နှင့် သွင်းအားစုစရိတ်များလျော့ကျစေရေး၊ တိုးတက်မွေးမြူထုတ် လုပ်နိုင်ရေးဆောင်ရွက်လျက်ရှိသည့်အစီအစဉ်များကိုလည်းကောင်း အသီးသီးဆွေးနွေးတင်ပြကြသည်။

            ယင်းနောက် တက်ရောက်လာသည့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဒေသတွင်းကုန်ဈေးနှုန်းတည်ငြိမ်ရေးဆိုင်ရာလုပ်ငန်းဆောင်ရွက်မှုများကိုဆွေးနွေးတင်ပြကြပြီး တက်ရောက်လာသူ များကဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ်ပေါင်းစပ်ညှိနှိုင်းဖြည့် ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။