ဘားအံ - ဇန်နဝါရီ (၁၀)

            ကရင်ပြည်နယ်၏သာယာလှပသည့် ရေ၊မြေ၊တော၊တောင်သဘာဝရှုခင်းများ၊ လှိုဏ်ဂူများ၊ ရေတံခွန်၊စိမ့်စမ်း များ၊ တိုင်းရင်းသားတို့၏ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများ၊ ရာသီအလိုက်ပွဲတော်များနှင့် အရင်းအမြစ်အခြေခံကောင်း များပေါကြွယ်ဝမှုတို့ကြောင့် ခရီးသွားလုပ်ငန်း ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက်လာကြောင်း ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်  ၉ နာရီက ဘားအံမြို့၊ ကန်သာဦးခန်းမ၌ ကျင်းပသည့် ဟိုတယ်ဝန်ဆောင်မှုဆိုင်ရာ(အခြေခံ)သင်တန်း(၃)မျိုး ဆင်းပွဲမှ သိရသည်။ 

            တိုးတက်လာသည့်ခရီးသွားလုပ်ငန်းနှင့်အညီ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များအား ကောင်းမွန်သည့် ဝန်ဆောင်မှုကောင်းများစနစ်တကျဖြည့်ဆည်းပေးနိုင်ရေးအတွက်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယခုသင်တန်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက သင်တန်းမှရရှိသည့် သင်ခန်းစာ၊ ဗဟုသုတ၊ အတွေ့အကြုံများကို မိမိတို့လုပ်ငန်းခွင်တွင် အကျိုးရှိရှိ ပြန်လည်အသုံးချပြီး ပြည်နယ်၏ဂုဏ်ကိုတိုးတက်စေမည့်ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ ဝန်ဆောင်မှုအရည်အသွေး ကောင်းများပေးစွမ်းနိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း သင်တန်းဆင်းအမှာစကားပြောကြားသည်။

            ပြည်နယ်၏ဟိုတယ်နှင့်ခရီးသွားကဏ္ဍတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ(၁)ရက်နေ့ထိ ဟိုတယ်နှင့်တည်းခိုရိပ်သာ (၄၉)လုံး၊ အိပ်ခန်းပေါင်း(၁၆၇၃)ခန်းရှိခဲ့ရာမှ ယခုအခါ ဟိုတယ်နှင့်တည်းခိုရိပ်သာ(၆၀)လုံး၊ အိပ်ခန်းပေါင်း(၂၁၅၉)ခန်း ရှိသည့်အတွက်လုပ်ငန်းလိုင်စင်ထုတ်ပေးနိုင်မှု ၂၂ ဒဿမ ၄၅ ရာခိုင်နှုန်းတိုးတက်လာပြီး ခရီးသွားဧည့်သည်ဝင်ရောက် မှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းပြည်ပခရီးသွားလေးသိန်းနှစ်သောင်းကျော်ဝင်ရောက်ခဲ့ကာ ၂၀၂၄ ခုနှစ် (၁၁)လ တာကာလအတွင်း ခရီးသွားလေးသိန်းငါးသောင်းကျော်လာရောက်လည်ပတ်သည့်အတွက် ၁၀၀ ရာခိုင်နှုန်းကျော် တိုး တက်သကဲ့သို့ ဟိုတယ်နှင့်တည်းခိုရိပ်သာများ၏ဝင်ငွေရရှိမှုအနေဖြင့် ၂၀၂၁ ခုနှစ်တွင်ငွေကျပ် ၉၉၅၀ ဒဿမ ၇၀ သိန်း ရရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်တွင် ငွေကျပ် ၄၇၆၁၉ ဒဿမ ၁၈ သိန်းအထိ ရရှိခဲ့သည့်အတွက် ၁၀၀ ရာခိုင်နှုန်းကျော်တိုးတက် ရရှိခဲ့သည်ဟု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

            သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွှန့်လင်းနှင့် တာ ဝန်ရှိသူများက ဧည့်ကြိုသင်တန်း၊ အိပ်ခန်းဆောင်ထိန်းသိမ်းရေးသင်တန်း၊ အစားအစာနှင့်အဖျော်ယမကာဧည့်ခံကျွေး မွေးရေးသင်တန်းတို့တွင် သင်တန်းထူးချွန်ဆုရရှိကြသူများ၊ နည်းပြများအားဂုဏ်ပြုဆုနှင့်သင်တန်းဆင်းလက်မှတ်များ ကိုပေးအပ်ချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူ စုစုပေါင်း ၉၈ ဦး သင်တန်းဆင်းခဲ့ကြကာ အဆိုပါသင်တန်းအား ဒီဇင်ဘာလ ၁၆ ရက်နေ့မှ ဇန်နဝါရီလ ၁၀ ရက်နေ့ထိ ရက်သတ္တပတ် ၄ ပတ်ကြာဖွင့်လှစ် သင်ကြားခဲ့ကြောင်းနှင့် ပြည်နယ်၏မြို့တော် ဘားအံမြို့အား သန့်ရှင်းသာယာလှပသောအစိမ်းရောင်ခရီးသွားမြို့တော်ဖြစ်စေရေး၊ ပန်းပေါင်း ဝေဆာသာယာလှပစေရေး သက်ဆိုင်ရာဌာနများနှင့်တာဝန်ရှိသူများက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။