ဘားအံ - နိုဝင်ဘာ (၁၄)

            ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော (၂၁) ကြိမ်မြောက် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန် လျာဉတ်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားကို နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက် ၉ နာရီခွဲခန့်က ဘားအံမြို့ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူ များတက်ရောက်၍ ကထိန်လျာဉတ်သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ 

စုပေါင်းမဟာဘုံကထိန်လျာဉတ်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာအခမ်းအနားသို့ ပြည်နယ်ဩဝဒါစရိယ ဇွဲကပင်တောင်ဆရာတော်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ နှင့်နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိ ကဓဇ မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒ အမှူးပြုသော ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ ကြွရောက်ချီးမြှင့် တော်မူကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။ 

အခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာကြသည့်ဧည့်ပရိတ်အပေါင်းတို့က ပြည်နယ်ဩဝဒါစရိယဇွဲကပင်တောင်ဆရာတော်အဘိဓဇအဂ္ဂ မဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟုဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇ ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္စျယ်တော်မူသော မေတ္တာသုတ်ပရိတ် တရားတော်များကို နာယူကြည်ညို ကြသည်။

ထို့နောက် မြို့နယ်သံဃနာယကအကျိုးတော်ဆောင် တောင်တန်းသာသနာပြုဆရာတော် အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဘဒ္ဒန္တဓမ္မပါလ က ကထိန်မည်ပုံ၊ ကထိန်ခင်းခြင်းနှင့်စပ်လျဉ်းသည့်အမေး(ကထိနပုစ္ဆာ)ကို မေးမြန်း၍ မြို့နယ်သံဃနာယကဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တနာဂဝံသ က ကထိန်ခင်းခြင်းအဖြေ(ကထိနဝိသဇ္ဇနာ)  ဖြေကြားခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နာယူကြည်ညိုကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများလျှောက်ထားတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီးတို့က ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းတွင် ပုရိမဝါဆိုဝါကပ်၍ပုရိမဝါမှထတော်မူကြသည့် သံဃာတော် များကိုယ်စား ပြည်နယ်ဩဝဒါစရိယ ဇွဲကပင်တောင်ဆရာတော်အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ ဓမ္မကထိကဗဟု ဇနဟိတဓရ သီရိပျံချီဘဒ္ဒန္တကဝိဓဇနှင့် နိုင်ငံတော်ဩဝါဒစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒတို့ထံ ကထိန်လျာဉတ်သင်္ကန်းနှင့် အခြံအရံလှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသော ဒုတိယတိုင်းမှူး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်း များဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့သည့် နိုင်ငံတော်ဩဝါဒါစရိယ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း ကျောင်းအုပ်ဆရာတော်အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဂန္ထဝါစက ပဏ္ဍိတ ဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေခဲ့ကြပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းကာ ရတနာရွှေမိုး ငွေမိုးများ ရွာသွန်းဖြိုး၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသကဲ့သို့ ဧည့်ပရိတ်သတ်အပေါင်းတို့အား နေ့လည်စာဖြင့်တည်ခင်းဧည့်ခံခဲ့ကြသည်။

ယနေ့ကျင်းပပြုလုပ်သည့် မြို့လုံးကျွတ်စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲမင်္ဂလာ အခမ်းအနားတွင် ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များမှ ပဒေသာပင် ၇၈ ပင် ပစ္စည်းနှင့်ငွေသားတန်ဖိုး စုစုပေါင်း ၆၇၂၀၆၂၀ဝိ/-(ခြောက်ရာခုနှစ်ဆယ့်နှစ်သိန်းခြောက်ထောင်နှစ်ရာကျပ်)ကို ဆက်ကပ်လှူဒါန်းခဲ့ပါသည်။