ဘားအံ - မတ် (၂၀)

နိုင်ငံသားအားလုံးသည် မိမိနိုင်ငံကိုကာကွယ်ရန်တာဝန်ရှိပြီး ပြည်သူ့စစ်မှုထမ်းဥပဒေအရ တပ်မတော်တွင် တာဝန်ထမ်းဆောင်နိုင်ရန် ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ်(၂၃)(၃/၂၀၂၆)သို့တက်ရောက်ကြမည့် နိုင်ငံ့သားကောင်း ရတနာများအား ကရင်ပြည်နယ် ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိ သူများက မတ်လ ၂၀ ရက်နေ့နံနက် ၇ နာရီက ဘားအံမြို့၊နယ်မြေခံသင်တန်းကျောင်းတွင် သွားရောက်တွေ့ဆုံခဲ့ကြသည်။

            ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ တစ်ယောက်ချင်းစီအနေဖြင့် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ဝင်ရောက်ထမ်းဆောင်ခြင်းသည် နိုင်ငံတော်ကြီးတစ်ခု လုံးနှင့် နိုင်ငံသူ၊နိုင်ငံသားအားလုံးကို ကာကွယ်စောင့်ရှောက်ခြင်းဖြစ်ပြီး နိုင်ငံတော်ကာကွယ်ရေးတွင် အဓိကတာဝန်ရှိ သော တပ်မတော်ကိုပြည်သူများအနေဖြင့် ပူးပေါင်းကူညီရမည်ဖြစ်သကဲ့သို့ အနာဂတ်ကာလတွင်လည်း ဒို့တာဝန်အရေး (၃)ပါးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် နိုင်ငံတော်အစိုးရ၊ တပ်မတော်၊ ပြည်သူတို့မှ အတူတကွပူးပေါင်း၍ နိုင်ငံတော်အပေါ်သစ္စာရှိစွာဖြင့် တာဝန်ထမ်းဆောင်သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၃)(၃/၂၀၂၆)တွင် သင်တန်းတက်ရောက်၍ စစ်ပညာရပ်များသင်ကြားကြမည့် နိုင်ငံ့သားကောင်း ရတနာများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်အရာရှိကြီးများက နိုင်ငံ့သားကောင်းရတနာများအား တစ်ဦးချင်းရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားကာ လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပါသည်။