ဘားအံ - ဇန်နဝါရီ (၁၉)

            သာသနာတော် နေလပမာ အဓွန့်ရှည်ကြာစွာ စည်ပင်ပြန့်ပွားထွန်းလင်း၍ ပရိယတ္တိ၊ ပဋိပတ္တိဓူရနှစ်ဖြာနှင့် ပြည့်စုံသော ရဟန်း၊ သာမဏေ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များ စဉ်ဆက်မပြတ် ပေါ်ထွန်းနေစေရေး ကရင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို ဇွန်နဝါရီလ ၁၈ရက်နေ့ မွန်းလွဲ ၂ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။

စူဠဘွဲ့နှင်းသဘင်အခမ်းအနားသို့နိုင်ငံတော်ဩဝါဒါစရိယကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်းကျောင်းအုပ် ဆရာတော်မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒ၊ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ခေမာရာမကျောင်းတိုက် ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တသောပါက အမှူးပြုသော အထူးပင့်သံဃာတော်များနှင့် စာအောင်သံဃာတော်များ ၊ သီလရှင်များနှင့်လူပုဂ္ဂိုလ်များကြွရောက်ချီးမြှင့်တော်မူကြပြီး ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးစောမြင့်ဦး၊ ပြည်နယ် အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်၊  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည် နယ်အစိုးရအဖွဲ့ဝင်များ၊  ဌာနဆိုင်ရာအကြီးအကဲများ၊ ဒါယကာ၊ ဒါယိကာမများ တက်ရောက်ကြည်ညို၍စာအောင် သံဃာတော်များ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့်စာအောင်ဆု အလှူတော်ငွေများ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ပြီး ထူးမခြားနားဘုရားရောင် တော်ဖွင့်ဓမ္မတေးသီချင်းကို တီးခတ်သီဆိုပူဇော်ကာ နိုင်ငံတော်ဩဝါဒါစရိယ နောင်လုံဌာန်ပတိုင်ကျောင်းဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ် သတ်အပေါင်းတို့က သံဃာတော်အရှင်သူမြတ်များ ချီးမြှင့်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြည်ညို ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများက အထူးပင့်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်း များနှင့်နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများက စာအောင်သံဃာတော်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များက သီလရှင်များနှင့် လူပုဂ္ဂိုလ်များအား အောင်လက်မှတ်နှင့် စာအောင်ဆု အလှူတော်ငွေများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

            ယနေ့ကျင်းပသည့် စူဠဘွဲ့နှင်းသဘင်အခမ်းအနားတွင် ၂၀၂၄ ခုနှစ်တွင် ဖြေဆိုကြသည့် ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း၊ အဘိဓမ္မာရိုးရိုးနှင့် ယဉ်ကျေးမှုစာမေးပွဲများတွင်အောင်မြင် တော်မူကြသော  စာအောင်ရဟန်း၊သံဃာ၊သာမဏေ၊သီလရှင်(၃၁၃)ပါးနှင့်လူပုဂ္ဂိုလ်(၇)ဦးတို့အား စာအောင်ဆုများ ချီးမြှင့်ခဲ့ကြသည်။

            ယင်းနောက် စာအောင်သံဃာ၊ သီလရှင်နှင့် လူပုဂ္ဂိုလ်များအား ဂုဏ်ပြုတေးထပ်ဖြင့် သီဆိုပူဇော်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဧည့်ပရိတ်သတ်အပေါင်းတို့ကနိုင်ငံတော်ဩဝါဒါစရိယကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတဘဒ္ဒန္တဝိဇ္ဇာနန္ဒထံမှ လှူဒါန်းမှုအစုစုတို့အတွက် အနုမောဒနာတရား နာကြား၍ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းသည်။

            ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာတော်၊ သံဃာတော်၊ သီလရှင်များ၏ ဒါယကာ၊ ဒါယိကာမများက စာအောင်သံဃာတော်များ၊ သာမ‌ဏေများနှင့် သီလရှင်များ အား ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြပါသည်။