ဘားအံ - ဇွန် (၅)

            ကရင်ပြည်နယ်သစ်တောဦးစီးဌာနတွင် ကျွန်းနှင့်သစ်မာမျိုးစုံ ၂၁၅၀၀၀(နှစ်သိန်းတစ်သောင်းငါးထောင်)ပင် ပျိုးထောင်ထားရှိပြီး ခရိုင်၊ မြို့နယ်များအလိုက် အခမဲ့ဖြန့်ဝေစိုက်ပျိုးသွားမည်ဖြစ်ရာ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် မိုးရာသီ(ပထမအကြိမ်)သစ်ပင်စိုက်ပွဲအနေဖြင့် ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီက ဘားအံမြို့နယ်၊ မိဇံမွေးမြူရေးဇုန်၌ ကျွန်းနှင့်သစ်မာပင်ပေါင်း ၁၁၅၀ ပင်ကို စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

            သစ်ပင်စိုက်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သစ်တောသစ်ပင်များသည်လူသားနှင့်သတ္တဝါ များ၏ ပတ်ဝန်းကျင်တွင် ဘေးအန္တရာယ်ဆိုးကျိုးများကိုဖြစ်ပေါ်စေနိုင်သည့် လေထု၊ရေထု၊မြေထုညစ်ညမ်းမှုများကို တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း ကာကွယ်ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့် အကျိုး ကျေးဇူးများကိုရရှိနိုင်မည်ဖြစ်သည့်အတွက် ယခုစိုက်ပျိုးသည့်သစ်တောသစ်ပင်များ ထာဝစဉ်ရှင်သန်တည်မြဲစေရန်နှင့် သစ်တောသစ်ပင်များ၏အကျိုးကျေးဇူးကို သားစဉ်မြေးဆက်ခံစားရရှိနိုင်စေရန် အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်စိုက်ပျိုးပြုစုထိန်းသိမ်းကြစေလိုကြောင်း ပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မိဇံမွေးမြူရေးဇုန်တာဝန်ရှိသူတစ်ဦးထံ ဇုန်အတွင်းစိုက်ပျိုးရန် ပျိုးပင်များ ဖြန့်ဝေပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီး ကြပ်ရေးအဖွဲ့ နာယကနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ဘားအံပညာရေးဒီဂရီကောလိပ်နှင့် သူနာပြုသင်တန်း ကျောင်းတို့မှ သင်တန်းသား၊သင်တန်းသူ၊ဆရာ၊ဆရာမများ၊ မိဇံအခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ဆရာမများ၊ မိဇံမွေးမြူရေးဇုန်မှ မွေးမြူရေးလုပ်ငန်းရှင်များနှင့်ဒေသခံပြည်သူများက ဒေသနှင့်ကိုက်ညီပြီး ကြီးမြန်သစ်မျိုးများဖြစ်သည့် ကျွန်း၊ မဟော်ဂနီ၊ စိန်ပန်း၊ ပိတောက်၊ ပျဉ်းကတိုး စုစုပေါင်း ၁၁၅၀ ပင်ကို တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးခဲ့ကြသည်။

            ထိုသို့ စုပေါင်းသစ်ပင်စိုက်ပျိုးနေမှုအား ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။

            ဆက်လက်၍ “ကမ္ဘာတစ်ဝန်းပလက်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး၊ စုပေါင်းအားဖြင့်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့်၂၀၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို နံနက် ၉ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး တက်ရောက်အားပေးချီးမြှင့်ပြီး မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝန်းလုံး ပလတ်စတစ်ညစ်ညမ်းမှုများမှကင်းဝေးပြီး ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် အတွက်  ပလတ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေးလုပ်ငန်းများတွင် ခိုင်မာအားကောင်းသည့် ပြည်သူလူထုတစ်ရပ်လုံး ၏ စုပေါင်းအားဖြင့် ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်သွားကြစေလိုကာ ပိုမိုစိမ်းလန်းသာယာသော အနာဂတ်သဘာဝ ပတ်ဝန်းကျင်ကို ဖန်တီးတည်ဆောက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အခမ်းအနားသို့တက်ရောက်လာသူများက ကုလသမဂ္ဂအထွေထွေ အတွင်း ရေးမှူးချုပ်၏ သဝဏ်လွှာဗီဒီယို၊ ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ ဗီဒီယိုနှင့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အသိပညာပေး ဗီဒီယိုတို့ကို ကြည့်ရှုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နှင့် ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ အရှေ့တောင် တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော ကျေးရွာ၊ စက်ရုံ၊ အလုပ်ရုံနှင့် လုပ်ငန်းဆုရရှိကြသူများ၊ သန့်ရှင်း၍စိမ်းလန်းစို ပြည်သော အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ကျောင်းများ၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်း အမှတ် အလွတ်တန်းဆောင်းပါးပြိုင်ပွဲ၊ အဆင့်မြင့်ပညာအဆင့်စာစီစာကုံးပြိုင်ပွဲ၊ အခြေခံပညာအထက်တန်း၊ အလယ် တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့်ပန်းချီပြိုင်ပွဲတို့တွင် ဆုရရှိကြသူများ၊ အခမ်းအနားဖြစ်မြောက်ရေးဝိုင်း ဝန်းကူညီပေးသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကြသည်။

            ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေစကားများပြောကြားပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပါသည်။