ဘားအံ - ဒီဇင်ဘာ (၆)
ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံ၍ ပိုလျှံသည်များအား ဈေးကွက်သို့တင်ပို့ရောင်းချနိုင်ရန် စိုက်ပျိုးမွေးမြူ ရေးထုတ်ကုန်များကို တိုးမြှင့်စိုက်ပျိုးမွေးမြူထုတ်လုပ်လျက်ရှိရာ ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ဘားအံမြို့နယ်၊ ထုံးအိုင်တိုက်နယ်အတွင်းရှိ အောင်မြင်ဖြစ်ထွန်းနေ သော ဆောင်းသီးနှံစိုက်ခင်းများနှင့်မွေးမြူရေးလုပ်ငန်းများအား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ထုံးအိုင်တိုက်နယ်အတွင်းရှိ ဆောင်းမြေပဲတစ်ကွင်းတစ်ဆက်တည်းဧက ၆၀၀ စိုက် ခင်းအား လှည့်လည်ကြည့်ရှုအားပေးရာ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာနနှင့်ဌာနဆိုင်ရာတာဝန်ရှိ သူများက ထုံးအိုင်တိုက်နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးထုတ်လုပ်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ် ဝန်ကြီးချုပ်က စိုက်ပျိုးတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်ချက်များမေးမြန်းဆွေးနွေးကာ မြေလွတ်မြေလပ်မချန်ဘဲ စဉ်ဆက်မပြတ်စိုက်ပျိုးထုတ်လုပ်မှသာ နိုင်ငံ့စီးပွားမြှင့်တင်ရေးကိုအထောက်အကူပြုနိုင်မည်ဖြစ်သည့်အတွက် လိုအပ် သည့် ငွေကြေးအရင်းအနှီး၊ နည်းပညာ၊ ဈေးကွက်၊ မြေနေရာ၊ စက်ပစ္စည်းနှင့်လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြားသည်။
ထုံးအိုင်တိုက်နယ်တွင် ဆောင်းသီးနှံစိုက်ဧက (၁၀၅၈၁) ဧကရှိပြီး ဆီထွက်သီးနှံဆောင်းမြေပဲ (၂၆၅၀) ဧက စိုက်ပျိုးကာ ပြောင်းဖူး၊ ငရုတ်၊ ခရမ်း၊ ခရမ်းချဉ်၊ ကြက်ဟင်းခါး၊ ပဲတောင့်ရှည်၊ ရုံးပတီအစရှိသော စားဖိုဆောင် သီးနှံဟင်းသီးဟင်းရွက်နှင့်ပဲအမျိုးမျိုး(၇၉၃၁)ဧကစိုက်ပျိုးကြောင်း ပြည်နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာနမှ သိရ သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ထုံးအိုင်တိုက်နယ်အတွင်းရှိ အောင်မြင်ဖြစ်ထွန်း နေသော စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်စိုက်ခင်းများအား လှည့်လည်ကြည့်ရှုအားပေးပြီး သီးနှံစိုက်ခင်းများ အတွင်း သွင်းအားစုနှင့်စိုက်ပျိုးရေးသုံးစက်ကိရိယာများ လွယ်ကူစွာဝင်ထွက်သွားလာနိုင်ရေး ကုန်ထုတ်လမ်းတစ် လမ်း ဆောင်ရွက်ပေးရန်တာဝန်ရှိသူများအား မှာကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ထုံးအိုင်-မိန်းမလှကျွန်း-ဖအွံ-တောင်သူကုန်း-ခြံကလေး ကျေးရွာ ချင်းဆက်လမ်း လမ်းဘေးဝဲယာတစ်လျှောက်ရှိ အောင်မြင်ဖြစ်ထွန်းနေသော ပဲအမျိုးမျိုးနှင့်စားဖိုဆောင်သီးနှံဟင်းသီး ဟင်းရွက်စိုက်ခင်းများအား မော်တော်ယာဉ်ဖြင့် ဖြတ်သန်းကြည့်ရှုအားပေးသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထုံးအိုင်တိုက်နယ်၊ နောင်ထလုံးကျေးရွာရှိ တောင်သူဦးစံသိန်း၏ အသားတိုးဝက်(DYL) ၄၁ ကောင်မွေးမြူရေးခြံအား သွားရောက်ကြည့်ရှုအားပေးပြီး တိုးချဲ့မွေးမြူနိုင်ရေး လိုအပ်သည့် အရင်းအနှီးနှင့်မြေနေရာများထောက်ပံ့ပေးနိုင်ရန် ဆွေးနွေးပြောကြားကာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အခမဲ့ထောက်ပံ့သော တိရစ္ဆာန်ဆေးဝါးများကို ပေးအပ်ခဲ့သည်။