ဘားအံ - နိုဝင်ဘာ (၂၈)
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းက အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်း ဆောင် Ms.Cherine Pollini နှင့်အဖွဲ့အား ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (International Committee of the Red Cross-ICRC)ရုံး၏ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း ကွင်းဆင်းအဖွဲ့ခေါင်းဆောင် Ms.Cherine Pollini က ICRC ၏ အခြေ ခံမူနှင့် ကရင်ပြည်နယ်အတွင်း ဘေးဒုက္ခရောက်သူများအား ကူညီထောက်ပံ့ပေးခြင်း၊ အကာအကွယ်ပေးခြင်းလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာလုပ် ငန်းများ၊ လိုအပ်ချက်များနှင့်စပ်လျဉ်း၍ အမြင်ချင်းဖလှယ် အဓိကထားဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ ကရင်ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီ (၅/၂၀၂၄)လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ပြည်နယ်သန်ခေါင်စာရင်းကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်အတွင်း လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကို မြို့နယ်(၇)မြို့နယ်မှ ရပ်ကွက်ပေါင်း(၆၇)ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း(၁၉၀)အုပ်စုတွင် စာရင်းကောက်ယူနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းအောင်မြင်စွာ ကောက်ယူ နိုင်မှုအတွက်ဂုဏ်ပြုမှတ်တမ်းတင်ပါကြောင်း၊ မြေပြင်ကွင်းဆင်းစာရင်းကောက်ယူခြင်းနှင့် ပန်းခင်းစီမံချက်အဆင့် (၃)တို့ကို သတ်မှတ်ကာလအတွင်းအောင်မြင်အောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား သည်။
ထို့နောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူးဦးကျော်မြင့်က ဗဟိုသန်းခေါင်စာရင်းကော်မရှင်မှပေးပို့သည့် ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဗဟိုသန်းခေါင်စာရင်းကော်မရှင်သို့ ပြီးစီးမှုတင်ပြချက်၊ ကောက်ယူပြီးစီးမှုရာနှုန်း(၃)မျိုး၊ ကောက်ယူပြီးစီးမှုအရ လူဦးရေဆိုင်ရာတင်ပြချက်၊ ကောက်ယူရန်ကျန် ရပ်ကွက်၊ကျေးရွာအုပ်စု၊ ကျေးရွာစာရင်းတို့ကို ရှင်းလင်းတင်ပြပြီး ခရိုင်သန်ခေါင်းစာရင်းကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/မြို့နယ်များအလိုက် မြေပြင်ကွင်း ဆင်းစာရင်းကောက်ယူပြီးစီးမှု၊ ပန်းခင်းစီမံချက်အဆင့်(၃)ဆက်လက်ဆောင်ရွက်နေမှုနှင့်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြရာ တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်နယ်သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၊ ခရိုင်၊ မြို့နယ် သန်းခေါင်စာရင်းကော်မတီများ၊ စာရင်းစစ်၊စာရင်းကောက်အဖွဲ့များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီး မြှင့့်ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။