ဘားအံ - ဇွန် (၁၃) 

            ကရင်ပြည်နယ်အတွင်းငါးစားသုံးမှုဖူလုံပိုလျှံရေး၊ ငါးသယံဇာတများရေရှည်တည်တံ့ရေး၊ ဒေသခံပြည်သူများ ငါးရိက္ခာကိုပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေးအတွက် မြစ်ချောင်းအင်းအိုင်ဆည်တမံ သဘာဝရေပြင်များအတွင်း ငါးမျိုးများစိုက်ထည့်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ သည် ဇွန်လ ၁၃ ရက်နေ့ နံနက် ၈ နာရီခန့်က တရုတ်လှကျေးရွာ မြစ်ရေတင်စီမံကိန်း၌ သံလွင်မြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြသည်။

            ငါးမျိုးစိုက်ထည့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူ များက ရှင်သန်ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသောနှစ်လက်မအောက်ခံအရွယ်ရှိငါးမြစ်ချင်းကောင်ရေ ရှစ်သောင်း နှင့် ငါးခုံးမကြီးကောင်ရေငါးသောင်း စုစုပေါင်းငါးကောင်ရေ တစ်သိန်းသုံးသောင်းကို သံလွင်မြစ်အတွင်းငါးမျိုး စိုက် ထည့်ပေးခဲ့ကြ သည်။

            ကရင်ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် ယခုနှစ်မိုးရာသီတွင် ငါးမျိုးစိုက်ထည့်ပွဲ(၇)ကြိမ်ဖြင့် ရှင်သန် ကြီးထွားရန်အကောင်းဆုံးအရွယ်ရှိသော ငါးသားပေါက်ကောင်ရေငါးသိန်းနှစ်သောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေး သွားရန်လျာထားဆောင်ရွက်လျက်ရှိရာ ယခုအခါငါမျိုးစိုက်ထည့်ပွဲသုံးကြိမ်ဖြင့် ငါးသားပေါက်ကောင်ရေ တစ်သိန်း ကိုးသောင်းကျော်ကို ငါးမျိုးစိုက်ထည့်ပေးခဲ့ပြီးဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

            ဆက်လက်၍ မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ်၏အားပေးကူညီမှုဖြင့် ကရင်ပြည်နယ်အားကစားနှင့်ကာယ ပညာဦးစီးဌာနနှင့် ပြည်နယ်ခရစ်ကက်ဆပ်ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သည့် ခရစ်ကက်နည်းပြ(Level-A)သင်တန်း ဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၅) ရပ်ကွက်၊ ဘားအံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမအနီးရှိ ကရင်ပြည်နယ်လူငယ်စင်တာ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

            ဦးစွာ ပြည်နယ်အတွင်းရှိအခြေခံပညာကျောင်းများမှ နည်းပြသင်တန်းသား၊သင်တန်းသူ ၃၀ ဦးတို့က တစ်ဦးချင်းမိက်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ယခုသင်တန်းကိုတက်ရောက်လာကြသည့် နည်းပြသင်တန်းသား၊ သင်တန်းသူများအနေဖြင့် သင်တန်းမှပို့ချပေးလိုက်သည့် နည်းပြပိုင်းဆိုင်ရာခေတ်မီနည်းစနစ်များ၊ နည်းဥပဒေများကို ကြိုးစားသင်ယူလေ့လာမှတ်သားပြီး မိမိတို့ပြည်နယ်အတွင်းရှိ အားကစားသမားများကိုပြန်လည်သင်ကြားလေ့ကျင့် ပေးသွားကြရန်နှင့် ခရစ်ကက်အားကစားနည်းဖြင့် ကရင်ပြည်နယ်၏ဂုဏ်ကိုမြှင့်တင်ပေးနိုင်ရေးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။

            ထို့နောက် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးကျော်ကျော်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ် ချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်လူမှုရေးဝန်ကြီးနှင့် မြန်မာနိုင်ငံခရစ်ကက်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌတို့က အခြေခံပညာကျောင်းများအား ခရစ်ကက်အားကစားပစ္စည်းများချီးမြှင့်ပေးအပ်ကြကာ ခရစ်ကက် နည်းပြ သင်တန်းသား/သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ခရစ်ကက်နည်းပြ သင်တန်းသား/သင်တန်းသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။