ဘားအံ - ဇွန် (၂၇)
ကရင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော မြန်မာနိုင်ငံဂီတနေ့ အခမ်းအနားကို ဇွန်လ ၂၇ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ဂီတအစည်းအရုံးဝင်အမျိုးသမီးများက မင်္ဂလာနံနက်ခင်း တေးသီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့် လှစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားကာ မြန်မာနိုင်ငံဂီတအစည်း အရုံး(ဘားအံ)အတွက် ငွေကျပ် ၁၈၁၄၀၀ဝိ/- (တစ်ဆယ့်ရှစ်သိန်းတစ်သောင်းလေးထောင်ကျပ်)ကို ဂီတအစည်းအရုံး (ဘားအံ)ဥက္ကဋ္ဌထံ ပေးအပ်ချီးမြှင့်သည်။
ထို့နောက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ပေးပို့သောသဝဏ်လွှာကို မြန်မာနိုင်ငံဂီတအစည်းအရုံး (ဘားအံ)ဒုတိယဥက္ကဋ္ဌ က ဖတ်ကြားတင်ပြပြီး မြန်မာနိုင်ငံဂီတအစည်းအရုံး(ဘားအံ)ဥက္ကဋ္ဌ က ဂီတအစည်းအရုံး၏ လှုပ်ရှားမှုအကြောင်းကို ရှင်းလင်းတင်ပြကာ ဂီတအစည်းအရုံးအဖွဲ့ဝင်များက တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေ ကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဘားအံ)မှ ဂီတ အစည်းအရုံးဝင်များနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး အခမ်းအနားသို့တက်ရောက်လာသူများအား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။
အလားတူ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီမှကြီးမှူးကျင်းပသော ပြည်နယ်ကြက်ခြေနီကြီးကြပ်မှု ကော်မတီနှင့် စိုက်ပျိုးရေးနှင့်မွေးမြူရေးသိပ္ပံ(ဘားအံ)တို့ ပူးပေါင်းဖွင့်လှစ်သော ရှေးဦးပြုစုခြင်း(အခြေခံ) (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကို ဇွန်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက အဆိုပါသိပ္ပံသင်တန်းခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများတက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။
ဦးစွာ ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက သင်တန်းမှတတ်မြောက် ပြီးသော ရှေးဦးပြုစုခြင်းပညာရပ်ဖြင့် ပြည်သူလူထုတိုင်း ရှေးဦးပြုစုခြင်းတတ်မြောက်စေရန်နှင့် တတ်မြောက်ထား သည့် ရှေးဦးပြုစုခြင်းပညာရပ်များဖြင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများဆောင်ရွက်နိုင်စေရန်ရည်ရွယ်ပြီး စိတ်ကောင်း စေတနာကောင်းများဖြင့် ပညာပြည့်ဝနှလုံးလှသော စွမ်းဆောင်ရည်ပြည့်ဝသည့် ထူးချွန်ကြက်ခြေနီကောင်းများဖြစ် ပေါ်လာစေရန် ယခုထက်ပိုမိုပြီးလေ့လာဆည်းပူးသင်ယူခြင်းဖြင့် အမြဲတမ်းအဆင်သင့်ဖြစ်နေအောင် လေ့ကျင့်ထားကြ စေလိုကြောင်း ပြောကြားသည်။
ထို့နောက် ကရင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ သင်တန်းဆိုင်ရာများကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်က ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းတွင် သင်တန်းထူးချွန် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများကိုလည်းကောင်း၊ ပလပ်စတစ်ရေတိုင်ကီနှင့်ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးကြသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများကိုလည်းကောင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က သင်တန်းထူးချွန်အထူးဆု ရရှိကြသူများကိုလည်းကောင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက သင်တန်းဆင်းလက်မှတ်နှင့် သင်တန်းနည်းပြ များအား ဂုဏ်ပြုလက်ဆောင်များကိုလည်းကောင်း၊ ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ရှေးဦးပြုစုခြင်း အထောက်အကူပြုအသုံးအဆောင်ပစ္စည်းများကို ကျောင်းအုပ်ကြီးထံသို့လည်ကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြရာ ကျောင်းအုပ်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။
ယင်းနောက် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းသား၊သင်တန်းသူများက ကရုဏာသီချင်းဖြင့် သီဆိုဂုဏ်ပြု ပြီး စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် သင်တန်းနည်းပြ၊ သင်တန်းသား၊ သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်၍ ပြသထားသော သင်တန်းကာလလှုပ်ရှား ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများနှင့်ရှေးဦးပြုစုခြင်း အထောက်အကူပြုအသုံးအဆောင်ပစ္စည်းများကို လိုက်လံကြည့် ရှုအားပေးခဲ့ပါသည်။















