ဘားအံ - မတ် (၁၈)

            ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မတ်လ ၁၇ ရက်နေ့မှစ၍ တစ်နိုင်ငံလုံးအတိုင်းအတာဖြင် တက္ကသိုလ်ဝင် စာမေးပွဲများကိုဖြေဆိုလျှက်ရှိရာ ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ကျောင်းသား၊ကျောင်သူများ၏ အင်္ဂလိပ်စာ ဘာသာရပ်ကိုအေးချမ်းစွာဖြေဆိုနေမှုများအား ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

            ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူ ၅၀၁ ဦး အင်္ဂလိပ်စာဘာသာရပ်အား စိတ်အေးချမ်းသာစွာဖြေဆိုနေမှုများအား လှည့်လည် ကြည့်ရှုအားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းသားကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာ စွာဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြရန်၊ စာမေးပွဲလုပ်ငန်းများအနှောင့်အယှက်မဖြစ်စေရေးအထူးဂရုပြု ဆောင်ရွက်ကြရန်၊ တာဝန်ဝတ္တရားများကိုကျေပွန်စွာဆောင်ရွက်၍ စာမေးပွဲစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ တက္ကသိုလ်ဝင်စာမေးပွဲကိုအောင်မြင်စွာကျင်းပပြီးစီးနိုင်ရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန် တာဝန်ရှိသူများ အား မှာကြားသည်။

            ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ကျောင်းသူ ၁၈၈ ဦး အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြပြီး လိုအပ်သည်များအား တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

            ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူငယ်ရေးရာကော်မတီနှင့် ခရိုင်/မြို့နယ် လူငယ်ရေးရာ ကော်မတီ၏(၁/၂၀၂၅)လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မတ်လ ၁၈ ရက်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ ရုံး အစည်းအဝေးခန်းမ(၂)၌ ကျင်းပရာ ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့် ဦးက အဖွင့်အမှာစကားပြောကြားပြီး  ဒုတိယဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီးက လူငယ်ရေးရာလှုပ်ရှားမှုများကို ဆွေးနွေးပြောကြားသည်။

            ထို့နောက် ကရင်ပြည်နယ်လူငယ်ရေးရာကော်မတီအတွင်းရေးမှူး ပြည်နယ်အားကစားနှင့်ကာယပညာဦးစီး ဌာန ညွှန်ကြားရေးမှူးက ကရင်ပြည်နယ်လူငယ်ရေးရာလှုပ်ရှားမှုပြက္ခဒိန်မူကြမ်းကို ဆွေးနွေးတင်ပြပြီး အစည်းအဝေး သို့တက်ရောက်လာသော ကော်မတီဝင်များ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြ ကြရာ ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေး၍ နိဂုံးချုပ် အမှာစကားပြောကြားခဲ့ပါသည်။