ဘားအံ - မတ် (၂၈)

            ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသား/ အမျိုးသမီး ပြေးခုန်ပစ်ပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မတ် ၂၈ ရက်နေ့ နံနက် ၇ နာရီခွဲက ဘားအံမြို့၊ လှာကမြင်ကွက်သစ်၊ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

            ဦးစွာ အမျိုးသား/အမျိုးသမီး မီတာ(၁၀၀ x ၄)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲဗိုလ်လုပွဲစဉ်များကို ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

            ဗိုလ်လုပွဲစဉ်များအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်  ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက အမျိုးသား/အမျိုးသမီး မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)၊ မီတာ(၈၀၀)၊ မီတာ(၁၅၀၀)၊ မီတာ(၃၀၀၀)၊ မီတာ(၅၀၀၀)အပြေးပြိုင်ပွဲ၊ အလျားခုန်၊ သုံးဆင့်ခုန်၊ တန်းမြင့်ခုန်၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတံပစ်၊ ကြိုးတပ်သံလုံးပစ်ပြိုင်ပွဲ၊ မီတာ(၁၀၀x၄)လက်ဆင့်ကမ်း၊ မီတာ(၄၀၀x၄)လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတို့တွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိကြ သူများကိုလည်းကောင်း၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကဒေါ်နန်းဘေဘီမြင့်က အမျိုးသမီးတန်တံခွန်ဖလား ရရှိသော ဘားအံမြို့နယ်အမျိုးသမီးပြေးခုန်ပစ်အသင်းကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက အမျိုးသားတံခွန်စိုက်ဖလား ရရှိသော ဘားအံမြို့နယ် အမျိုးသားပြေးခုန်ပစ် အသင်းနှင့် စုပေါင်းတံခွန်စိုက်ဖလားရရှိသော ဘားအံမြို့နယ်အသင်းအား စုပေါင်းတံခွန်စိုက်ဖလားနှင့် ဂုဏ်ပြုဆုငွေ ကျပ်(၁၀)သိန်းကို ပေးအပ်ချီးမြှင့်ခဲ့ပါသည်။