ဘားအံ - ဒီဇင်ဘာ (၁၉)
နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များ၊ ပြည်သူ့အကျိုးပြုနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအချင်းချင်း အချိတ်အဆက်မိမိဖြင့် ထိရောက်မြန်ဆန်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများ ၏ (၇/၂၀၂၄)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အ ထည်ဖော်ဆောင်ရွက်ရာတွင်လည်းကောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၏ လုပ်ငန်းတာဝန်များကိုဆောင်ရွက်ရာတွင် လည်းကောင်း အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်လိုကြောင်း၊ သဘာဝဘေးကြောင့် ဌာနဆိုင်ရာများ ၏စက်ပစ္စည်းများပျက်စီးခဲ့ရာ စာရင်းပယ်ဖျက်ခွင့်ရရှိရေးစီမံဆောင်ရွက်ကြစေလိုကြောင်း၊ မကြာမီတက္ကသိုလ်ဝင် စာမေးပွဲများဖြေဆိုကြရတော့မည်ဖြစ်ပြီး အောင်ချက်မြင့်မားရေးနှင့် အေးချမ်းပျော်ရွှင်စွာဖြေဆိုနိုင်ရေး သက်ဆိုင်ရာ ကဏ္ဍများအလိုက်ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ယခင်အပတ်အစည်းအဝေးဆုံးဖြတ်ချက်များ အပေါ် လိုက်နာဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းတင်ပြကြပြီး ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီး၊ သယံဇာတရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က လုံခြုံရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးမွေးမြူရေး၊ ဘဏ္ဍာရေး အရ/အသုံးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေး ပြောကြားသည်။
ယင်နောက် ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြပြီး အစည်းအဝေးသို့တက်ရောက်လာသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးတင်ပြကြရာ ပြည်နယ် ဝန်ကြီးချုပ်က တင်ပြဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကားပြော ကြားခဲ့သည်။