ဘားအံ - ဇူလိုင် (၁၆)

            ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်တွင် ဆုရရှိ ကြသည့် ကျောင်းသားကျောင်းသူများအားဂုဏ်ပြုဆုချီးမြှင့်သည့်အခမ်းအနားကို ဇူလိုင်လ ၁၅ ရက်နေ့ မွန်းလွဲ ၃ နာရီ က ဘားအံမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ရွှေရတုခန်းမ၌ ကျင်းပသည်။

            အဆိုပါ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကရင်ပြည်နယ် အစိုးရအဖွဲ့၏ဦးဆောင်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်း ပခြင်းဖြစ်ပြီး ရွှေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့်စာအုပ်စာစောင်များငှါးရမ်းပြသခြင်း၊ ကရင်တိုင်းရင်းသား စာပေဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာ တက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေးအထောက်အကူပြုပြခန်းများ၊ လှပသာယာပြည်မြန်မာဓာတ်ပုံပြပွဲ များ၊ ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Khoot Quiz)၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲ၊ ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များ နှင့်ချိတ်ဆက်၍စာအုပ်ဈေးရောင်းပွဲများ၊ အထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ၊ အလယ်တန်းအဆင့်ပုံပြင်ပြော ပြိုင်ပွဲ၊ မူလတန်းအဆင့်ကဗျာရွတ်ပြိုင်ပွဲ၊ လူငယ်စာဖတ်ဝိုင်းနှင့် စာပေဟောပြောပွဲတို့ကိုထည့်သွင်းကျင်းပခဲ့ရာ ကျောင်းသား၊ကျောင်းသူများ စိတ်ပါဝင်စားစွာဖြင့် အေးချမ်းပျော်ရွှင်စွာပါဝင်ဆင်နွှဲခဲ့ကြသည်။

            ဆုချီးမြှင့်ပွဲတွင် ဘားအံပညာရေးဒီဂရီကောလိပ်မှ ကျောင်းသား၊ကျောင်းသူများက အမျိုးသားစာပေ ယဉ်ကျေးမှုအမွေ သီချင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူများက ဘက်စုံ ပညာကိုရည်တို့လှမ်းချီ သီချင်း၊ ယူရီကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ကျောင်းသူများက ရှမ်းအကတို့ဖြင့် သီဆိုကပြ ဖျော်ဖြေတင်ဆက်ကြပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင် ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် ဉာဏ်စမ်းပဟေဋ္ဌိပြိုင်ပွဲ (Khoot Quiz Game)တို့တွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိကြသူများအား ဂုဏ်ပြုဆုများနှင့် စာပေဟောပြောပွဲတွင် ဟောပြောပေးကြသည့် စာရေးဆရာ/ ဆရာမများ၊ အမှတ်ပေးအကဲဖြတ်ဒိုင်များအား အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ကြသည်။

            ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲတို့တွင် ပထမဆု ရရှိခဲ့သူများက ပြန်လည်ဖျော်ဖြေတင်ဆက်ကြပြီး ဘားအံမြို့နယ်စာရေးဆရာအသင်းက ကိုယ်ပိုင်သီချင်း၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား၊ကျောင်းသူများက အောင်မြင်ပါစေ မြန်မာပြည် သီချင်းတို့ဖြင့် ကပြဖျော်ဖြေ တင်ဆက်ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆုရရှိကြသူများနှင့်စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ကရင် ပြည်နယ်ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်း အနားသို့ တက်ရောက်လာသော ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့ပါသည်။