ဘားအံ - ဇူလိုင် (၆)
ကရင်ပြည်နယ်အတွင်း မိုးစပါးလျာထားဧက(၄၂၇၃၂၉)ကျော်ပြည့်မီးကျော်လွန်ရေးနှင့် တစ်ဧကရည်မှန်း ချက်ပန်းတိုင်အထွက်နှုန်းရရှိရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ ၆ ရက်နေ့ နံနက်ပိုင်းက မျိုးစေ့ချ ကိရိယာဖြင့်မိုးစပါးစိုက်ပျိုးခြင်း၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်း ကွင်းသရုပ်ပြပွဲနှင့် ယူရီးယားဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများထောက်ပံ့ပေးအပ်ပွဲကို ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ၊ တောင်သူ ဒေါ်ပြားအုံ၏ လယ်(၅)ဧက၌ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က လယ်ယာလုပ်သားရှားပါးသည့်အခြေအနေတွင် စပါးသီးနှံကိုအလွယ်တကူ ကြဲပက်စိုက်ပျိုးနေခြင်းအစား စရိတ်သက်သာသည့်စပါးမျိုးစေ့ချကိရိယာကိုအသုံးပြု စိုက်ပျိုးခြင်းဖြင့် ရာသီအချိန်မီ စိုက်ပျိုးနိုင်ပြီး အကျိုးရလာဒ်ကောင်းများစွာရရှိစေမည်ဖြစ်ကာ ဓာတ်မြေဩဇာအသုံးပြုခြင်းအစား ကြီးမြန်သစ်စိမ်း မြေဩဇာကဲ့သို့ မြေဆီလွှာအာဟာရဓတ်ဖြည့်တင်းပေးသည့် သဘာဝမြေဩဇာများကို ထည့်သွင်းအသုံးပြုကြစေလို ကြောင်း ပြောကြားသည်။
ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးဦးထွန်းမြင့်က မျိုးစေ့ချကိရိယာဖြင့် စပါးစိုက်ပျိုးရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဝင်းကျန်၊ ထုံးအိုင်၊ ကော့ကျိုက်၊ နောင်ထလုံး အစရှိသောကျေးရွာများမှ မိုးစပါးစိုက်တောင်သူ များအား ယူရီးယားဓာတ်မြေဩဇာ ၅၀ အိတ်နှင့် သဘာဝမြေဩဇာ ၃၀ အိတ်တို့ကို ထောက်ပံ့ပေးအပ်သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆင်းသုခစံပြစိုက်ခင်း(၅)ဧက၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါး စိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲနှင့် ဝင်းကျန်ကျေးရွာတောင်သူဦးမောင်လင်းအောင်ပါ(၂)ဦး၏လယ်(၅)ဧကတွင် စိုက်ပျိုး ထားသည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထယ်ထိုးမြေမြုပ်ထည့်သွင်းခြင်းကွင်းသရုပ်ပြပွဲတို့ကို တက်ရောက်လာ သော ကျေးရွာ(၁၂)ရွာမှ တောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာ ကြားကာ တက်ရောက်လာသောယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့နယ်၊ ဝင်းကျန်ကျေးရွာ ဟင်းသီးဟင်းရွက်စံပြ စိုက်ခင်း(၁၃ ဒဿမ ၉၆)ဧကတွင် စားဖိုဆောင်သီးနှံဟင်းသီးဟင်းရွက်များစိုက်ပျိုးထားရှိမှုကို သွားရောက်ကြည့်ရှုစစ် ဆေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်လွင်က ရာသီသီးနှံစိုက်ပျိုးရန် လမ်းညွှန်ချက်အရ ၂၀၂၃ ခုနှစ်မှစ၍ စိုက်ပျိုးထုတ်လုပ်မှု၊ ရင်းနှီးကုန်ကျငွေ၊ အကျိုးအမြတ်ပြန်လည်ရရှိမှု၊ ယခုနှစ် ၂၀၂၄ ခုနှစ်တွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များမှာကြားကာ အဆိုပါ ဟင်းသီးဟင်းရွက်စံပြစိုက်ခင်းအတွင်း တောင်သူ ၁၅ ဦး၏ ပဲတောင့်ရှည်၊ ငရုတ်၊ ခရမ်း၊ ခဝဲ၊ မုန်လာ၊ ရုံးပတီ၊ ဘူး၊ သခွား၊ ရွှေဖရုံ အစရှိသည့် သီးနှံများစိုက်ပျိုးထုတ်လုပ်နေမှုအခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပါသည်။