ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 27 Posted Under:

ဘားအံ - မတ် (၂၇) (၇၉)နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် မဲဘောင်-နောင်ပလိန်-ဝင်းစိန်လမ်း ကတ္တရာလမ်း ဖွင့်ပွဲကို မတ်လ ၂၇ ရက်နေ့ တပ်မတော်နေ့ နံနက် ၈ နာရီက အဆိုပါလမ်းမုခ်ဦးတည်နေရာ၌ ကျင်းပသည်။ လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက လာမည့်ဘဏ္ဍာနှစ်များတွင်လည်း ဒေသခံပြည်သူ များ၏လူမှုစီးပွားဘဝအခြေအနေများ၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ယခုထက်မကပိုမို ကောင်းမွန်တိုးတက်လာစေရေးအတွက် အဓိကလိုအပ်လျက်ရှိသော လမ်း၊ တံတားလုပ်ငန်းများကို ဆက်လက်ဖြည့် ဆည်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ပြည်နယ်သူ၊ပြည်နယ်သားများကလည်း အခြေခံအဆောက်အဦများဖြစ် သည့်လမ်း၊တံတားများကို ဝိုင်းဝန်းထိမ်းသိမ်းပေးကြစေလိုပြီး လမ်း၊တံတားများ တိုးတက်ဖြစ်ထွန်းလာစေရန် အတူ တကွပူးပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)ဦးအောင်ညိုက လမ်းဆိုင်ရာအချက်အလက်များ ကို ရှင်းလင်းပြောကြားပြီး ဒေသခံတစ်ဦးကကျေးဇူးတင်စကားပြန်လည်ပြောကြားကာ ညွှန်ကြားရေးမှူး(မြို့ပြ)က လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံငယ်များအား လက်ရောက်ပေးအပ်ခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက မဲဘောင်-နောင်ပလိန် ဝင်းစိန်လမ်း ကတ္တရာလမ်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး လမ်းဖွင့်ပွဲသို့တက်ရောက်လာသော ယဉ်ကျေးမှု အဖွဲ့များနှင့် စုပေါင်းမှတ်တမ်းဓာတ်ပုံများရိုက်ကူး၍ ဂုဏ်ပြုဆုငွေများပေးအပ်ချီးမြှင့်ကြကာ အဆိုပါလမ်းအား ဖြတ်သန်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ယနေ့ဖွင့်လှစ်သောလမ်းသည် ၃၁ ဒဿမ ၅၈၃ ကီလိုမီတာခန့်ရှည်လျားပြီး ယခင်က မြေလမ်း၊ ကျောက် လမ်းများအဖြစ်တည်ရှိခဲ့ရာမှ ဘဏ္ဍာနှစ်အလိုက် အဆင့်မြှင့်တင်ဆောင်ရွက်ခဲ့ရာ ၂၀၂၂-၂၀၂၃ ခုနှစ်ထိ ပြည်ထောင် စု/ပြည်နယ်ရန်ပုံငွေကျပ် ၅၁၃၇ ဒဿမ ၀၃၆ သန်းဖြင့် ၂၄ ပေ အကျယ်ကတ္တရာကွန်ကရစ်လမ်း(၁ဒဿမ၄၀၈) ကီလို မီတာ၊ ၁၈ ပေအကျယ်ကတ္တရာလမ်း ၀ ဒဿမ ၉၀၅ ကီလိုမီတာ (၁၂)ပေအကျယ်ကတ္တရာလမ်း ၂၉ ဒဿမ ၂၇ ကီလို မီတာနှင့် Box Culvert တံတားကြီး/ငယ် ၄၉ စင်းတို့ကို ဆောင် ရွက်ပေးခဲ့ပြီး ယခု ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/ပြည်နယ် ငွေလုံးငွေရင်း/သာမန်ပြင်ဆင်ထိန်းသိမ်း ခြင်းရန်ပုံငွေ ကျပ်(၅၃၅ ဒဿမ ၈) သန်းဖြင့် ၁၂ ပေ အကျယ်ကတ္တရာလမ်း(၂ ဒဿမ ၂၆)ကီလိုမီတာကို (၁၈)ပေ အကျယ် ကတ္တရာလမ်းအဖြစ် အဆင့်တိုးမြှင့်ဆောင်ရွက် ပေးခြင်းနှင့်အခြားပြင်ဆင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ပညာရေးနှင့်အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းကော်မတီမှ ကြီးမှူး၍ နွေရာသီကျောင်းအားလပ်ရက်တွင် ဖွင့်လှစ်သည့်သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲကို မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၂ နာရီက အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ) နှစ်ထပ်ဆောင်အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အခြေခံကွန်ပျူတာသင်တန်း(၁/၂၀၂၄)နှင့်(၂/၂၀၂၄)၊ မိတ်ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်း(၁/၂၀၂၄) နှင့် အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၄) သက်မွေးပညာကာလတိုသင်တန်းများဆင်းပွဲဖြစ်ပြီး သင်တန်းဆင်းပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသား၊သင်တန်းသူများအနေဖြင့် သင်ယူရရှိခဲ့သည့်ပညာရပ်များကို အကျိုးရှိရှိ အသုံးချတတ်ရန်လိုအပ်ပြီး သင်တန်းအမျိုးအစားအလိုက် ကိုယ်စွမ်း၊ဉာဏ်စွမ်းနှင့်ဝီရိယအားတို့ဖြင့်ပေါင်းစပ်၍ လုပ်ကိုင်ဆောင်ရွက်မှသာ သင်ယူရရှိခဲ့သည့်ပညာရပ်များကို အကျွမ်းတဝင်တတ်မြောက်သွားမည်ဖြစ်ကြောင်း၊ တတ် မြောက်ထားသည့်ပညာရပ်များကို မိမိတို့၏စိတ်ကူးစိတ်သန်းအကြံဉာဏ်များဖြည့်စွက်၍ တီထွင်ကြံဆလုပ်ကိုင်နိုင် ခြင်းဖြင့် သင်တန်းသားများ၏အလုပ်အကိုင်အခွင့်အလမ်းများ မလွဲမသွေရရှိလာမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခြေခံစက်ချုပ်သင်တန်း(၁/၂၀၂၄)တွင် အထူးဆုရရှိသူတစ်ဦးအား ခြေနင်းအပ်ချုပ်စက်တစ်လုံးနှင့်ဆက်စပ်ပစ္စည်းများနှင့် သင်တန်းများတွင် ထူးချွန်ပထမဆုရရှိသူများကိုလည်းကောင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက သင်တန်းထူးချွန် ဒုတိယ၊ တတိယနှင့် သင်တန်းဆင်းအောင်လက်မှတ်များကိုလည်း ကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြရာ သင်တန်းဆင်းသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ အစိုးရနည်းပညာအထက်တန်းကျောင်း(ဘားအံ)တွင် သက်မွေးပညာကာလတိုသင်တန်းများအနေဖြင့် အခြေခံကွန်ပျူတာသင်တန်း(၂၇)ကြိမ်၊ မိတ်ကပ်နှင့်ဆံပင်အလှပြုပြင်ခြင်းသင်တန်း(၃)ကြိမ်နှင့် အခြေခံစက်ချုပ်သင် တန်း(၂၇)ကြိမ်တို့ကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီး ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော သက်မွေးပညာကာလတိုသင်တန်း အမျိုး အစားပေါင်း(၃၆)မျိုးကိုလည်း ဖွင့်လှစ်ပို့ချပေးနိုင်ခဲ့ရာ သင်တန်းသူ၊သင်တန်းသားစုစုပေါင်း ၅၀၀၀ ကျော်ကို သက်ဆိုင်ရာလုပ်ငန်းခွင်နယ်ပယ်များတွင် ဝင်ရောက်လုပ်ကိုင်နိုင်စေရေး သင်တန်းပေးဆောင်ရွက်နိုင်ခဲ့ကာ ယနေ့သင်တန်းဆင်းပွဲတွင် သင်တန်းသား၊သင်တန်းသူ ၉၁ ဦး သင်တန်းဆင်းခဲ့ကြောင်းနှင့် သင်တန်းဆင်းပွဲအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များသည် သင်တန်းသား၊သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေး၍ သင်တန်းဆင်းလက်ရာများကို လှည့်လည်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။ အလားတူ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ငြိမ်းချမ်းရေးဖလား ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲ ကို မတ်လ ၂၀ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့ထိ ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပ လျက်ရှိရာ မတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၄ နာရီက ကရင်ပြည်နယ်အစိုးရအဖွဲ့ဘောလုံးအသင်းနှင့် ကရင် အမျိုးသားအစည်းအရုံး KNU ဘောလုံးအသင်းတို့ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ၊ ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် တစ်ဖက် တစ်ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်ခဲ့ပါသည်။

PREVIOUS POST