ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

Status Published: Mar 24 Posted Under:

ဘားအံ - မတ် (၂၄) (၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို မတ်လ ၂၄ ရက်နေ့ နံနက် ၇ နာရီက ဘားအံမြို့၊ ပအိုဝ်းကော့ကျိုက်စံပြကျေးရွာ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့် အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပအိုဝ်းစာပေနှင့်ယဉ်ကျေးမှု အသင်းနာယက ဦးခွန်သန်းမြင့်၊ စိန်ရတုပအိုဝ်းအမျိုးသားနေ့ကျင်းပရေးကော်မတီဒုတိယဥက္ကဋ္ဌ ဦးခွန်ထွန်းဝေ တို့က(၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။ ထို့နောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့အခမ်းအနားကိုဆက်လက်ကျင်းပရာ သဘာပတိနှင့်အဖွဲ့ဝင်များက စင်မြင့်ထက်တွင်နေရာယူကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်အလံနှင့်ပအိုဝ်းအမျိုးသားအလံတို့ကို အလေးပြုကြကာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်ထံမှပေးပို့သော သဝဏ်လွှာကို ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက ဖတ်ကြားသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ပအိုဝ်းအမျိုးသားနေ့ နှုတ်ခွန်းဆက်စကားပြောကြားပြီး (၇၅)နှစ် မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့ အောင်မြင်စွာကျင်းပနိုင်ရေး ငွေကျပ် သိန်း(၁၀၀)ကို ထောက်ပံ့ပေးအပ်ကာ ပအိုဝ်းတိုင်းရင်းသားလူငယ်တစ်ဦးက ပအိုဝ်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို ပအိုဝ်းဘာသာဖြင့် ဖတ် ကြားတင်ပြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ပွဲတော်ဖြစ်မြောက်ရေးပူးပေါင်းပါဝင်သူများအား ဂုဏ်ပြုဆုနှင့် ပညာရည်ထူးချွန်ဆုများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး (၇၅)နှစ်မြောက်စိန်ရတုပအိုဝ်းအမျိုးသားနေ့ကျင်းပ ရေး စီမံခန့်ခွဲမှုဦးစီးကော်မတီဥက္ကဋ္ဌဦးခွန်မင်းအောင်က စိန်ရတုပအိုဝ်းအမျိုးသားနေ့ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ ထို့နောက် (၇၅)နှစ်မြောက် စိန်ရတုပအိုဝ်းအမျိုးသားနေ့အခမ်းအနားကို (ပအိုဝ်းသွီ)တေးသီချင်းဖြင့် သီဆိုဖျော်ဖြေကြပြီး သဘာပတိနှင့်အဖွဲ့ပြန်လည်ထွက်ခွာ၍ အခမ်းအနားကိုရုတ်သိမ်းကာ စုပေါင်းမှတ်တမ်းဓာတ်ပုံ များရိုက်ကူးခဲ့ကြကြောင်း သိရသည်။ ဆက်လက်၍ ကရင်ပြည်နယ်အစိုးရအဖွဲ့မှကြီးမှူးကျင်းပသော ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် ဗုဒ္ဓပူဇနိ ယ တပေါင်းပွဲတော်မင်္ဂလာအခမ်းအနားကို နံနက် ၉ နာရီခွဲအချိန်က အဆိုပါစေတီတော်ရင်ပြင်၌ ကျင်းပရာ ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ(မူလဒွါရဂိုဏ်း) အမိတာရာမရဲ ကျောင်းတိုက်ဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဂုဏာလင်္ကာရ အမှူးပြုသော ဩဝါဒါစရိယဆရာတော်ကြီးများကြွရောက်ချီးမြှင့်တော်မူကြသည်။ ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ(မူလဒွါရဂိုဏ်း) အမိတာရာမရဲကျောင်းတိုက် ဆရာတော်ဂန္ထဝါစကပဏ္ဍိတဘဒ္ဒန္တဂုဏာလင်္ကာရထံမှ (၈)ပါးသီလ ခံယူဆောက်တည်၍ သမ္မောဒနိယဩဝါဒကထာ နာယူကြည်ညိုကြကာ သံဃာတော်အရှင်သူမြတ်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ်ပရိတ်တရားတော် များကို နာယူကြည်ညိုကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ စေတီတော် ဂေါပကအဖွဲ့နာယကတို့က ကြွရောက်ချီးမြှင့်တော်မူကြသော ဩဝါဒါစရိယဆရာတော်ကြီးများအား လှူဖွယ်ဝတ္ထု ပစ္စည်းများနှင့်နဝကမ္မအလှူငွေများဆက်ကပ်လှူဒါန်းခဲ့ကြပြီး အမိတာရာမရဲကျောင်းတိုက်ဆရာတော်ထံမှ ဩဝါဒကထာနာယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကာ ရွှေမိုးငွေမိုးများရွာသွန်းဖြိုး၍ ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ကြွရောက်ချီးမြှင့်တော်မူသော ဩဝါဒါစရိယဆရာတော်ကြီးများအား ပြည်နယ်ဝန်ကြီး ချုပ်နှင့်အစိုးရအဖွဲ့ဝင်များက နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့အားလည်း နေ့လည်စာ ဖြင့်တည်ခင်းဧည့်ခံခဲ့ကြကြောင်း သိရသည်။ အလားတူ ၂၀၂၄ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင်ကျရောက်မည့် (၇၉)နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကို မတ်လ ၁၃ ရက်နေ့ နံနက် ၆ နာရီခွဲက ဘားအံ-လှိုင်းဘွဲကားလမ်းမကြီးဘေးရှိ ဘားအံဂေါက် ကလပ်၌ ကျင်းပရာ ပြည်နယ်အတွင်းမှ ဂေါက်သီးရိုက်အားကစားသမား ၁၁၈ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဂေါက်သီးရိုက် ၍ ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက သတ်မှတ် Handicap များအလိုက် ပြိုင်ပွဲအားပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို မွန်းလွဲ ၆ နာရီခန့်က ဘားအံဂေါက်ကလပ်မြက်ခင်းပြင်၌ ဆက်လက်ကျင်းပရာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက (၇၉)နှစ်မြောက်တပ်မတော်နေ့အထိမ်းအမှတ် ဂေါက်သီးရိုက်ပြိုင်ပွဲကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက အဝေးဆုံးရိုက်ချက်ဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ ကျင်းနှင့်အနီးဆုံးဆု၊ ပါအများဆုံးဆု၊ ဘာဒီအများဆုံးဆု၊ အကြိုးစားဆုံးဆုများကိုလည်းကောင်း၊ Handicap 19 to 24 အငယ်တန်းဆု ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကိုလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက Handicap 0 to 18 အကြီးတန်းဆု ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

PREVIOUS POST