ဘားအံ - နိုဝင်ဘာ (၁၅)
ပြည်နယ်အတွင်းစိုက်ပျိုးထွက်ရှိသည့် ရာသီစပါးများအား ဆန်ချောအဖြစ်ထုတ်လုပ်ရောင်းချခြင်းဖြင့် လယ်ယာထွက်ကုန်ရောင်းချမှုကဏ္ဍတိုးမြှင့်လာစေရေး ဘားအံမြို့၊ ထီးဖိုးကလုံးကျေးရွာအနီး၌ တန် ၁၀၀ ဆန်စက် တည်ဆောက်လိုသော ပြည်နယ်အတွင်းမှဆန်စက်လုပ်ငန်းရှင်များအား နိုဝင်ဘာလ ၁၅ ရက်နေ့ နံနက် ၁၁ နာရီခန့်က ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်အစိုးရအဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ သည်။
ထိုသို့တွေ့ဆုံရာတွင် ဆန်စက်လုပ်ငန်းရှင်းများမှ တာဝန်ရှိသူတစ်ဦးက တန်(၁၀၀)ဆန်စက် တည်ဆောက် လိုသောရည်ရွယ်ချက်၊ ပြည်နယ်၏စိုက်ပျိုးဧကဆိုင်ရာအချက်အလက်များ၊ ဆန်စက်တည်ဆောက်မည့်အဆိုပြုနေရာ၊ တည်ဆောက်မည့်ဆန်စက်အဆောက်အဦဒီဇိုင်း၊ ငွေကျပ် သန်း(၁၅၀၀)ခန့် ရင်းနှီးမြှုပ်နှံ၍ လုပ်ငန်းဆောင်ရွက်မည့် စီမံချက်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ လုပ်ငန်းများအမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ပါသည်။