မြဝတီမြို့၌ ကျေးရွာဒေသဖွံ့ဖြိုးရေးစီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်
မြဝတီ ၊ မတ် ( ၉ )
ကရင်ပြည်နယ်၊ မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း( VDP) ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းကို မတ်လ (၈) ရက်နေ့ ၊ နံနက်(၁၀)နာရီအချိန်က မြဝတီမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။