ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်

ကရင်ပြည်နယ် အစိုးရအဖွဲ့

Kayin State Government

လယ်နတ်ကို ‘တလာတိုက်’ ဟုခေါ်သည်။ နယုန်၊ ဝါဆိုလများတွင် လယ်ကွင်းထဲ၌ လယ်နတ် တင်ကြ သည်။ ကန်သင်းဘေး၌ တဲအိမ်ငယ်ဆောက်လုပ်၍ ငါးသုံးကောင်၊ ထမင်းတစ်ပန်းကန်၊ ကွမ်းတရာ၊ ဖယောင်းတိုင် တစ်တိုင်ဖြင့် လယ်နတ်တင်ကြသည်။ ယင်းသို့ တင်မြှောက်ပြီး လယ်ကိုကြည့်ရှုစောင့်ရှောက်ရန် လူနှင့် တိရ စ ္ဆန်များ ဘေးရန်မှ ကင်းဝေးရန်၊ ပိုမွှားစသော အနှောင့်အယှက် အဖျက်အစီးများမှ ကင်းဝေးရန်၊ ဆန်စပါး ဖြစ်ထွန်းအောင်မြင်စေရန်ဆုတောင်းရသည်။ အချို့ဒေသများတွင် တော်သလင်းလ၌ လယ်နတ်တင် သည်။ ကောက်ညှင်း၊ နှမ်း၊ ရေ၊ ဖယောင်းတိုင်တို့ဖြင့် သက်သတ်လွတ်တင်ကြသည်။ အလားတူ ဆုတောင်းရ သည်။ ယင်းသို့ လယ်နတ်ကို မတင်ပါက လူ၊ တိရ စ ္ဆန်တို့ကို ဒုက္ခပေးတတ်သည်၊ စပါးပျက်ဆီးတတ်သည်၊ အထွက် ညံ့တတ်သည်ဟု ယုံကြည်စွဲလမ်းကြသည်။

ကရင်ပြည်နယ်မြေပုံ

Kayin State is a state of Myanmar.The capital city is Hpa-an also called Pa-An. The relief of Kayin State is mountainous with the Dawna Range running along the state in a NNW - SSE direction and the southern end of the Karen Hills in the Northwest.

သတင်းထုတ်ပြန်ချက်