တောင်ယာခုတ်ပွဲမှာ တောင်ယာခုတ်ချိန်တွင် တစ်ဦးနှင့်တစ်ဦး ဝိုင်းဝန်းကူညီလုပ်ဆောင်ကြရာ လုပ်ငန်းပိုင်ရှင်က ကြက်၊ဝက်၊အရက်၊ ခေါင်ရည်စသော တတ်နိုင်သည့် အကျွေးအမွေးများဖြင့် ဧည့်ခံကျွေးမွေး သည်။ လူပျိုအပျိုများ သီချင်းဆိုခြင်း၊ ကဗျာ လင်္ကာရွတ်ဆိုဖွဲ့နွဲ့ခြင်း တစ်ဦးနှင့်တစ်ဦး ချစ်ရေးဆိုကာ ကဗျာ လင်္ကာများဖြင့် ချိတ်စောင်းပြောဆိုခြင်းများ ပြုလုပ်ရင်း ပျော်ရွှင်စွာ လုပ်ကိုင်ကြခြင်းဖြစ်သည်။