ကောက်သစ်စားပွဲမှ ရိတ်သိမ်းချိန်တန်ပြီဖြစ်သော တောင်ယာများမှ ကောက်ညှင်းစပါးများကို အနည်း ငယ်စီ စတိရိတ်သိမ်း၍ ထမင်းဟင်းလျာများ ချက်ပြုတ်ကာ ရပ်ရွာရှိ လူအများကို ဖိတ်ခေါ်ကျွေးမွေးသည်။ ဤသို့ ကျွေးမွေးပြီးမှ ကျန်စပါးများကို ရိတ်သိမ်းကြသည်။ ယင်းသို့ ကောက်ပင်သီးနှံများစပေါ်ချိန်တွင် ကောက်ဦး ကောက်ဖျား ကောက်သစ်စားခြင်းကို အစွဲပြု၍ ‘ကောက်သစ်စားပွဲ’ ဟုခေါ်ခြင်းဖြစ်သည်။ ဤပွဲတော်ကို တန်ဆောင်မုန်းလကွယ်တွင် ပြုလုပ်လေ့ရှိပြီး မြေပြန့်တွင် မုန့်ဆန်းပွဲဟုခေါ်သည်။ ဤသည်ကို တောင်ပေါ် စဝှော် (စကော) ကရင် ဘာသာစကားဖြင့် ‘အောင်ဘူးခို’ ဟုခေါ်သည်။